အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၄ ခုနှစ်က မြစ်ကြီးနား လေယာဉ်ကွင်းတွင် အသက် ၁၀ နှစ် အရွယ် တရုတ်စစ်သားလေးအား မြင်ရစဉ်
event_note ခေတ်ကာလများပြပုံ

မတ် ၁၉၄၄ - သြဂုတ် ၁၉၄၄

၁၉၄၄ ခုနှစ်က မြစ်ကြီးနား လေယာဉ်ကွင်းတွင် အသက် ၁၀ နှစ် အရွယ် တရုတ်စစ်သားလေးအား မြင်ရစဉ်

room Myanmar

Read in English

အမေရိကန်တပ်၊ တရုတ်တပ်တို့ဖြင့် အင်အားဖြည့်ထားသည့် ကချင်တပ်များသည် ၁၉၄၄ ခုနှစ် မတ်လက စတင်ကာ ၅ လကြာ ထိုးစစ်ဆင်မှု အပြီးတွင် မြစ်ကြီးနားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အမေရိကန်ဘက်မှ ရရှိသည့် စစ်အင်အားထဲတွင် နာမည်ကျော် မယ်ရစ်လ်၏ ဖောက်ထွင်းသူများ (Merrill’s Marauders) ပါဝင်ခဲ့သည်။ နှစ်ဖက်စလုံး သေဆုံး၊ ဒဏ်ရာရသူ ဦးရေ ၇၀၀၀ ခန့် ရှိခဲ့သည်။ ဂျပန်တို့သည် မဖြစ်နိုင်သည့်ကြားကပင် အပြင်းအထန် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် ၁၉၄၄ ခုနှစ်၌ တပ်ဆုတ်ကြရသောအခါ ဂျပန်ဗိုလ်ချုပ် ဂျန်ဆို မူဇီကာမီ (Maj-General Genzo Muzikami) သည် မိမိကိုယ်ကို အဆုံးစီရင်သွားသည်။ မြစ်ကြီးနားကို ပြန်လည်သိမ်းပိုက်ရရှိခြင်း (မိုးကောင်းကိုလည်း ထိုအတောအတွင်း ပြန်လည်သိမ်းနိုင်ခဲ့ခြင်း) ကြောင့် အိန္ဒိယနှင့် တရုတ်ပြည်တို့ကို ဆက်သွယ်ပေးသည့် လီဒိုလမ်းမကြီးကို မဟာမိတ်တပ်များ ဖွင့်လှစ်နိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်