
၁၈၇၈ - ၁၉၁၂
၁၈၇၈ ခုနှစ်က အမေရိကန်ပြည်ထောင်စုရောက် ကရင်လူမျိုးတစ်ဦး
room United States
အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ယူခဲ့သော အစောပိုင်း မြန်မာကျောင်းသားများထဲတွင် မောင်အက်ဒဝင် အပါအဝင်ဖြစ်သည်။ နိုင်ငံရပ်ခြားတိုင်းပြည်မှ အမေရိကားသို့ ဦးဆုံးလာရောက် ပညာသင်ခဲ့သည့် ပြည်ပကျောင်းသားများထဲမှ တစ်ဦးလည်း ဖြစ်ပါသည်။
မောင်အက်ဒဝင်ကို ၁၈၄၉ ခုနှစ်တွင် မွေးဖွားသည်။ ဖခင်မှာ ဦးရွှေဘို၊ မြန်မာပြည်၏ ပထမဦးဆုံး ပိုးကရင်လူမျိုး သင်းအုပ်ဆရာဖြစ်၏။ ၁၈၇၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီးနောက် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ခရိုဇာ ခရစ်ယာန်ဘာသာရေးကျောင်းတွင် ဦးစွာ တက်ရောက်သည်။ ထိုဘာသာရေးကျောင်းတွင် နောင် ၇၅ နှစ်ကြာမြင့်သည့်အခါ မာတင်လူသာကင်း ဂျူနီယာ တက်ရောက်ခဲ့သည်။
ဆက်လက်၍ မောင်အက်ဒဝင်သည် အိုင်အိုဝါတက္ကသိုလ်တွင် ပညာသင်ယူခဲ့ပြီး ၁၈၇၉ ခုနှစ်တွင် ဥပဒေဘာသာဖြင့် ဘွဲ့ရသည်။
ကျောင်းပြီးသည့်အခါ မြန်မာပြည်သို့ ပြန်လာကာ သာယာဝတီတွင် ရှေ့နေအဖြစ် လုပ်ကိုင်သည်မှာ သူကွယ်လွန်သည့် ၁၉၁၂ ခုနှစ်အထိ ဖြစ်သည်။
ညာဘက်ခြမ်းဓာတ်ပုံမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်စဉ် ရိုက်ကူးထားသော “CDV” “Carte de Visite” ဓာတ်ပုံဖြစ်သည်။ CDV ဆိုသည်မှာ ယနေ့ခေတ် လိပ်စာကတ် (Business card) အလဲအလှယ်လုပ်သကဲ့သို့ ထိုခေတ်က ဓာတ်ပုံအလဲအလှယ်လုပ်ရန် ရိုက်ကူးလေ့ရှိခဲ့သော အိတ်ဆောင်ဓာတ်ပုံငယ် (Carte de visite) အမျိုးအစားဖြစ်သည်။ ထိုခေတ်က ဧည့်ခန်းတွင် CDV ဓာတ်ပုံပေါင်းချုပ်ကို အလှပြထားလေ့ရှိကြသည်။
ဘယ်ဘက်ခြမ်းပုံမှာ အိုင်အိုဝါတက္ကသိုလ် ၁၈၇၉ ခုနှစ် ဘွဲ့ရ ဥပဒေကျောင်းသားများ၏ ဓာတ်ပုံ ဖြစ်သည်။ နောက်ဘက်အလယ်ပိုင်းတွင် ရပ်နေသူမှာ မောင်အက်ဒဝင်ဖြစ်၏။
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်