အမေ့ခံအတိတ်
အမေ့ခံအတိတ်
အင်္ဂလန်မှ မြန်မာတန်း၊ ၁၉ ၂၄ - ၁၉ ၂၅ခုနှစ်  ဗြိတိသျှအင်ပါယာပြပွဲကြီး
event_note ခေတ်ကာလများပြပုံ

၁၉၂၄ - ၁၉၂၅

အင်္ဂလန်မှ မြန်မာတန်း၊ ၁၉ ၂၄ - ၁၉ ၂၅ခုနှစ် ဗြိတိသျှအင်ပါယာပြပွဲကြီး

room United Kingdom

Read in English

အင်္ဂလန်မှ မြန်မာတန်း။ ၁၉ ၂၄ - ၁၉ ၂၅ခုနှစ် ဗြိတိသျှအင်ပါယာပြပွဲကြီးသည် ကမ္ဘာပေါ်တွင် ကျင်းပခဲ့ဖူးသည့် ပြပွဲများအနက်မှ အကြီးမားဆုံးသောပြပွဲကြီးဖြစ်ခဲ့သည်။ လူပေါင်း ၂၇ သန်းကျော် (လန်ဒန်မြို့ အနီးတွင် တည်ရှိသော) ဝမ်ဘလီသို့ ပြပွဲကို ကြည့်ရှုရန် လာရောက်ခဲ့သည်။ မြေဧက ရာပေါင်းများစွာကို နေရာယူထားသော ထိုပြပွဲကြီးတွင် အင်ဂျင်နီယာ၊ ကဗျာ၊ဂီတ၊အကစသည့် ဖန်တီးမှုအနုပညာနှင့် စက်မှုလက်မှုလုပ်ငန်းများကို အထူးပြုတင်ဆက်ထားသော နန်းတော်ကြီးများ ရှိသည်။ ထို့ပြင် ဗြိတိသျှအင်ပါယာ လက်အောက်ရှိ နိုင်ငံအသီးသီးကိုလည်း စင်တင်ထားသော မဏ္ဍပ်များလည်း ပါဝင်ခဲ့သည်။ သြစတြေးလျ၊ ကနေဒါနှင့် အိန္ဒိယတို့၏ မဏ္ဍာပ်များမှာ အကြီးမားဆုံးဖြစ်ပြီး မြန်မာ၊ နယူးဇီလန်၊ မာလာယု၊ တောင်အာဖရိကတို့၏ မဏ္ဍာပ်များမှာမူ ဒုတိယအကြီးဆုံးဖြစ်သည်။ မြန်မာကိုယ်စားပြုမဏ္ဍပ်ကို ဦးတင်က တစ်စိတ်တစ်ပိုင်း ဒီဇိုင်းဆွဲခဲ့သည်။ နောက်ပိုင်းတွင် ဦးတင်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့အဆောက်အဦ (မြို့တော်ခန်းမ)နှင့် မြို့မကျောင်းကို ဒီဇိုင်းဆွဲရာတွင် ပါဝင်ကူညီခဲ့သည်။ အတွင်းပိုင်းတွင် နိုင်ငံတစ်ဝန်းမှ မြန်မာလက်မှုအနုပညာပစ္စည်းများကို နမူနာပြထားသလို ဗေဒင်ဆရာ မောင်ကင်းမှအစ ခြင်းလုံးကစားသမား မောင်ပေါ်လောအထိ မြန်မာလူမျိုးပေါင်းစုံလည်း ရှိနေခဲ့သည်။ (အနီးမြင်ကွင်းတွင် မြန်မာ့ရိုးရာ ဒေါင်းအလံရှိသည်ကို သတိထားကြည့်ပါ။)

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်