အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗိုလ်ချုပ်အောင်ဆန်း အသက် ၃၁ နှစ်အရွယ်က ဓာတ်ပုံ
event_note ခေတ်ကာလများပြပုံ

၂၇ ဇန်နဝါရီ ၁၉၄၇

ဗိုလ်ချုပ်အောင်ဆန်း အသက် ၃၁ နှစ်အရွယ်က ဓာတ်ပုံ

Read in English

ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းမှုများ အောင်ပန်းဆွတ်နေသည့်ကာလက ဓာတ်ပုံတစ်ပုံ။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က အမှတ် ၁၀၊ ဒေါင်းနင်းလမ်းတွင် ရိုက်ကူးထားသောပုံဖြစ်သည်။ ဗြိတိသျှအင်ပါယာ နှင့် မြန်မာပြည်လွတ်လပ်ရေးကိစ္စ ညှိနှိုင်းဆွေးနွေးရန် ရောက်ရှိနေစဉ်။ (ဗိုလ်ချုပ်၏ဝဲဘက်တွင်ရှိနေသူမှာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်၏ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် အိုင်စီအက်စ် ဦးတင်ထွဋ် ဖြစ်သည်။) ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ၃၁ နှစ်အရွယ်သာ ရှိသေးသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်