အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ အချိုးအကွေ့တိုက်ပွဲ
event_note ခေတ်ကာလများပြပုံ

၉ ဒီဇင်ဘာ ၁၈၂၄

ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ အချိုးအကွေ့တိုက်ပွဲ

၁၈၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးဆာအာချီဘော့ဒ် ကမ်ဘဲလ် ခေါင်းဆောင်သော အရှေ့အိန္ဒိယကုမ္ပဏီ၏တပ်ဖွဲ့များသည် ရန်ကုန်မြို့၌ နောက်ဆုံးကျန်နေသော သစ်လုံးခံတပ်ကြီးကို စီးနင်းတိုက်ခိုက်ခဲ့ရာ ခုခံကာကွယ်သူ တစ်ထောင်နီးပါး သေကြေ သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ပွဲမှာ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ အချိုးအကွေ့ တစ်ခုဖြစ်ခဲ့သည်။
ဤသည်မှာ ယနေ့ကာလ Junction Square အနီး ကမာရွတ်၌ ရှိခဲ့သည့် သစ်လုံးခံတပ်ကို ဗြိတိသျှတပ်များ ဝင်ရောက်စီးနင်းနေခြင်းအား ရေးဆွဲထားသောပုံဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်