အမေ့ခံအတိတ်
အမေ့ခံအတိတ်
နိုင်ငံတော်အလံ၏ အစောပိုင်းပုံစံ
event_note ခေတ်ကာလများပြပုံ

1930s

နိုင်ငံတော်အလံ၏ အစောပိုင်းပုံစံ

လက်ရှိ သုံးရောင်ခြယ်နိုင်ငံတော်အလံကို ၁၉၃၀ ပြည့်နှစ်များက ဒို့ဗမာအစည်းအရုံးက စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၁၉ ခုနှစ် အိုင်းရစ်ရီပက်ဘလစ် (Irish Republic) အလံကို စံနမူနာ ယူထားခြင်း ဖြစ်သည်။ (၁၉၄၃-၁၉၄၅ ခုနှစ်) ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက ဒို့ဗမာအစည်းအရုံး၏ အလံကို မွေးစားလိုက်ပြီး အလယ်တွင် (ယခုကဲ့သို့ ကြယ်မဟုတ်ဘဲ) ရိုးရာဒေါင်းရုပ်ကို ထည့်သွင်းခဲ့သည်။ ပုံမှာ ၁၉၄၃ ခုနစ် သြဂုတ်လက ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် ကျင်းပခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံတော်” လွတ်လပ်ရေး အခမ်းအနားမြင်ကွင်း ပန်းချီကားချပ်ဖြစ်ပါသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်