မြန်မာပြည် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းကြောင်းတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်နှစ်ဦး၏ မွေးနေ့
event_note ခေတ်ကာလများပြပုံ

၂၅ ဇွန် ၁၉၀၀ - ၂၅ ဇွန် ၁၉၀၃

မြန်မာပြည် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းကြောင်းတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်နှစ်ဦး၏ မွေးနေ့

people Lord Louis Mountbatten George Orwell

Read in English

ဇွန်လ ၂၅ ရက်နေ့တွင် မြန်မာပြည်၏ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးနှင့် ဆက်စပ်နေသည့် အထင်ကရပုဂ္ဂိုလ်နှစ်ဦး၏ မွေးနေ့ကျရောက်ပါသည်။ လော့ဒ်မောင့်ဘက်တန် (Lord Mountbatten) ကို ၁၉၀၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဖွားမြင်ပြီး သူသည် အိန္ဒိယနိုင်ငံ၏ နောက်ဆုံးဘုရင်ခံချုပ် ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှ မဟာမိတ်တပ်များ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘီအိုင်အေတပ်မတော်ကို ကူညီထောက်ပံ့ရန် သဘောတူညီခဲ့သူလည်း ဖြစ်သည်။
 ဂျော့ချ်အိုဝဲလ် (George Orwell) ကို ၁၉၀၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူသည် ၁၉၂၀ ပြည့်နှစ်များအတွင်း မြန်မာပြည်၌ ပုလိပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အလုပ်မှ နုတ်ထွက်ပြီးနောက် ၂၀ ရာစု၏ အထူးချွန်ဆုံးသော စာရေးဆရာ တစ်ဦး၊ နယ်ချဲ့စနစ် ဝေဖန်ရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏မိခင်မှာ ၁၈၀၀ ပြည့်နှစ် အစောပိုင်းတွင် မော်လမြိုင်သို့ ပြောင်းရွှေ့အခြေချသော ပြင်သစ်မိသားစုတစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။ မြောင်းမြ၊ သန်လျင်၊ အင်းစိန်နှင့် ကသာတို့တွင် ဂျော့ချ်အိုဝဲလ် တာဝန်ကျခဲ့ဖူးသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်