အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြို့ထဲတွင် ကင်းလှည့်နေသော ဘရင်းဂန်းတပ် သံချပ်ကာ ကားများ
event_note ခေတ်ကာလများပြပုံ

ဖေဖော်ဝါရီ ၁၉၄၂

ရန်ကုန်မြို့ထဲတွင် ကင်းလှည့်နေသော ဘရင်းဂန်းတပ် သံချပ်ကာ ကားများ

people Desert Rats

Read in English

ဤသည်မှာ ၁၉ ၄၂ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်၏။ တစ်မြို့လုံး အုတ်အော်သောင်းတင်း ဖြစ်လျက်ရှိသည်။ မြို့ထဲနှင့်သဘောၤကျင်းများ ဗုံးဒဏ် အကြီးအကျယ်ခံထားရပြီး ဓာတ်အားလိုင်းများ ဆိုးဆိုးဝါးဝါး ပျက်စီးသွားသည်။ အစာရေစာလည်း မလုံလောက်တော့။ သိန်းနှင့်ချီသော စစ်ဘေးဒုက္ခသည်များ မြို့ကို စွန့်ခွာထွက်ပြေးရတော့သည်။ အမှတ် ၁၅ ဂျပန်တပ်မတော်သည် မော်လမြိုင်မှနေ မြောက်ဘက်သို့ ချီတက်လာနေသည်။ ဂျပန်တို့ စစ်တောင်းမြစ်အရောက်တွင် ဆက်လက်မချီတက်ဘဲ ရပ်တန့်သွားမည်ဟု အမှတ် ၁၇ အိန္ဒိယ တပ်မက မျှော်လင့်ထားသော်လည်း မကြာမီ ကံဆိုးမိုးမှောင်ကျခြင်းနှင့်သာ ရင်ဆိုင်ရတော့သည်။ အမှတ် ၁ မြန်မာတပ်မ တစ်ခုတည်းက ကျန်ရှိသော မြန်မာတစ်ပြည်လုံးကို ဂျပန်တို့ရန်မှ ခုခံတိုက်ခိုက်ပေးနေရသည်။ တောင်ငူတွင် စစ်ဌာနချုပ်စိုက်ပြီး ယင်းတပ်ကို မြန်မာ့ရိုင်ဖယ်တပ်ဖွဲ့ နှစ်ခု၊ ပန်ချာပီ၊ Rajput တို့ အများစုပါဝင်သည့် ခြေလျင်တပ်ဖွဲ့တစ်ခုတို့နှင့် ဖွဲ့စည်းထားသည်။ (မြောက်အာဖရိကတွင် အီတလီတို့နှင့် တိုက်ပွဲဝင်ခဲ့သော သဲကန္တာရကြွက်များဟု အမည်ပေးထားသည့်) အမှတ် ၇ သံချပ်ကာတပ်သည် ရန်ကုန်ကို ကာကွယ်ရန် မကြာမီရောက်ရှိလာတော့မည်။ ပြီးလျှင် မြောက်ဘက်သို့ ဗြိတိသျှတို့ ဆုတ်ခွာနိုင်ရန်အတွက် အကာအကွယ်ပေးမည်။ နောင်လာမည့် လေးလကြာ ရန်ကုန်မှ အိန္ဒိယသို့ ဗြိတိသျှတို့ ဆုတ်ခွာခြင်းသည် ယူကေသမိုင်းတွင် အကြာရှည်ဆုံး စစ်ဆုတ်ခြင်း ဖြစ်ခဲ့သည်။ လူသူ သောင်းနှင့်ချီကာ အသက်ဆုံးရှုံးခဲ့ရပြီး မြန်မာပြည်၏ ခေတ်မီအခြေခံအဆောက်အအုံများလည်း ပျက်သုဉ်းခဲ့ရလေသည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်