အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

မတ် ၁၉၄၄ - မေ ၁၉၄၄

၁၉၄၄ ခုနစ်က မြန်မာပြည်

Read in English

၁၉၄၄ ခုနစ်၊ မတ်လမှ ဧပြီလထိ ကာလက ဂျပန်တပ်ခွဲ သုံးခုနှင့် ဆူဘတ်ချန်ဒရာဘို့စ် ခေါင်းဆောင်သည့် အိန္ဒိယအမျိုးသား တပ်ခွဲတစ်ခုသည် အင်ဖာနှင့် ကိုဟီမားတွင် ဗြိတိသျှနှင့် အိန္ဒိယတပ်များက အနိုင်ပိုင်း ချေမှုန်းခြင်းကို ခံခဲ့ရသည်။ ဂျပန်တပ်သား ၆၀၀၀၀ သေဆုံးခဲ့သည်။ 

၁၉၄၄ ခုနစ် မေလတွင် တရုတ်တပ် သုံးခုသည် အမေရိကန် အထူးတပ်ဖွဲ့ (မယ်ရစ်လ်၏ ဖောက်ထွင်းသူများ - Merrill’s Marauders) နှင့် ပူးပေါင်းကာ မြစ်ကြီးနားကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဂျပန် အမှတ် ၃၃ တပ်မတော်က သုံးလကြာ မြို့ကို ပိတ်ဆို့ကာ အပြင်းအထန် ခုခံခြင်းကို အနိုင်ရပြီးမှသာ မြို့နှင့် လေယာဉ်ကွင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ 

ထိုလအတွင်းပင် မဟာမိတ်တပ်များသည် မြန်မာပြည် မြောက်ပိုင်းရှိ ဂျပန်တို့၏ ရှေ့တန်းစစ်မြေပြင်များကို ကျော်လွှားကာ အိန္ဒိယ၊ ဂေါ်ရခါးနှင့် ဗြိတိသျှ အထူးတပ်ဖွဲ့ (မြန်မာတို့က ခြင်္သေ့ဟု ခေါ်သော Chindit တပ်ဖွဲ့များ) အင်အား ၂၀၀၀၀ ကျော်ကို လေယာဉ်ဖြင့် ပို့ပေးနိုင်ခဲ့သည်။ မဟာမိတ်များ၏ အကြီးမားဆုံးသော လေကြောင်း စစ်ဆင်ရေး အဖြစ်ပင် သမိုင်းတွင်ခဲ့သည်။ စစ်အတွင်း ပထမဆုံး စတင်အသုံးပြုခဲ့သော ရဟတ်ယာဉ်များ ပါဝင်သည့် လေကြောင်း စစ်ဆင်ရေးများကို အမေရိကန်တို့က ဦးဆောင်ခဲ့သည်။ 

မဟာမိတ်တို့၏ ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား ကုန်းလမ်း၊ လေကြောင်းလမ်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး ဖြစ်သည်။ ဗြိတိသျှတို့က မြန်မာပြည်ကို ပြန်လည် သိမ်းပိုက်လိုသော်လည်း အရေးတကြီး ဦးစားပေးထားသည့် ရည်ရွယ်ချက် မဟုတ်ပေ။ ၁၉၄၄ ခုနစ် နှောင်းပိုင်းတွင် မြန်မာပြည်တွင် ဖြစ်ပွားနေသော စစ်ပွဲများတွင် မဟာမိတ်တပ်သားပေါင်း တစ်သန်းကျော်နှင့် ဂျပန်တပ်သားပေါင်း သုံးသိန်းကျော် ပါဝင်တိုက်ခိုက်နေခဲ့ကြသည်။ 

(ဤဗီဒီယိုမှာ လွန်ခဲ့သော ၇၅ နှစ်က ဗြိတိန်နိုင်ငံတွင် ပြုလုပ်ပြသခဲ့သည့် မြန်မာပြည်တွင် တိုက်ရသော တိုက်ပွဲများ အကြောင်း သတင်းရုပ်ရှင်တို ဖြစ်ပါသည်။)

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်