အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ မိတ်ဆွေကြီး ပန်ဒစ်နေရူး
event_note ခေတ်ကာလများပြပုံ

၁ ဇန်နဝါရီ ၁၉၄၇ - ၂၇ မေ ၁၉၆၄

မြန်မာပြည်၏ မိတ်ဆွေကြီး ပန်ဒစ်နေရူး

room India

Read in English

၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပန်ဒစ်ဂျဝါဟာလာနေရူး ကွယ်လွန်သည်။ သူသည် မြန်မာပြည်၏ မိတ်ဆွေတော်ကြီး တစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်များကတည်းက မြန်မာပြည်သို့ အကြိမ်ကြိမ် အလည်အပတ် လာရောက်ခဲ့သည်။ ဓာတ်ပုံမှာ ၁၉၄၇ ခုနှစ် နှစ်သစ်ကူးနေ့က ဒေလီမြို့ရှိ ဆာ့ဖ်ဒါဂျန် (Safdarjung) လေဆိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ရိုက်ကူးထားခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး အတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်မြို့သို့ ခရီးထွက်လာစဉ် လမ်းတစ်ထောက်၌ နေရူးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုအခိုက် ဗိုလ်ချုပ်အောင်ဆန်း ဝတ်ဆင်ထားသော အပူပိုင်းဒေသဝတ်စုံမှာ သမိုင်းတွင် အအေးကြမ်းဆုံး ဆောင်းတွင်းကို ရင်ဆိုင်နေရသည့် လန်ဒန် ရာသီဥတုနှင့် မကိုက်ညီကြောင်း ပန်ဒစ်နေရူး မှန်းဆမိသဖြင့် ကုတ်အင်္ကျီ ကောင်းကောင်းတစ်ထည် လက်ဆောင်ပေးလိုက်သည့်အပြင် ဗိုလ်ချုပ်အား ပိတ်စအထူသားဖြင့် ယူနီဖောင်းနှစ်စုံကို အော်ဒါမှာချုပ်စေခဲ့သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်