အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉ ၄၃ ခုနှစ် ကိုင်ရိုထိပ်သီးတွေ့ဆုံပွဲ
event_note ခေတ်ကာလများပြပုံ

၂၂ နိုဝင်ဘာ ၁၉၄၃ - ၂၆ နိုဝင်ဘာ ၁၉၄၃

၁၉ ၄၃ ခုနှစ် ကိုင်ရိုထိပ်သီးတွေ့ဆုံပွဲ

room Egypt

people Winston Churchill Chiang Kai-shek Louis Mountbatten President Franklin Roosevelt Joseph 'Vinegar Joe' Stillwell

Read in English

မဟာမိတ် ခေါင်းဆောင်များ ဖြစ်ကြသည့် သမ္မတ ဖရန်ကလင် ဒီလာနို ရိုစဗက်(Franklin Delano Roosevelt)၊ ဝန်ကြီးချုပ် ဝင်စတန်ချာချီ (Winston Churchill) နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်တို့သည် ကိုင်ရိုမြို့တွင် ကျင်းပသော ထိပ်သီးညီလာခံတွင် မြန်မာပြည် ပြန်လည်သိမ်းပိုက်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးကြသည့်ပုံရိပ်တစ်ခု ဖြစ်သည်။ ထိုဆွေးနွေးပွဲသို့ မဒမ်ချန်ကေရှိတ် (ပုံတွင် ဖော်ပြထားသူ)၊ မဟာမိတ်တပ်များ၏ အရှေ့တောင်အာရှ စစ်ဦးစီးချုပ် လော့လူးဝစ်မောင့်ဘက်တန် (Lord Louis Mountbatten) နှင့် သူ၏ လက်ထောက် ဗိုလ်ချုပ်ကြီး ဂျိုးဆက် “ဗနီဂါ ဂျိုး” စတီးဝဲ (Joseph “Vinegar Joe” Stillwell) တို့လည်း တက်ရောက်ခဲ့ကြသည်။ တရုတ်တို့က အရေးတကြီး ဖိအားပေးသည့်အချက်များမှာ ဗြိတိသျှ၊ အိန္ဒိယ၊ အမေရိကန်နှင့် တရုတ်တို့၏ ပူးပေါင်းအင်အားဖြင့် မြန်မာပြည်တွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်၊ မန္တလေးကို အဆောတလျင် သိမ်းပိုက်ရန်နှင့်  အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးသော ရာသီမရွေး အသုံးပြုနိုင်မည့် လမ်းမကြီး (နောင်တွင် စတီးဝဲလ်လမ်းမကြီး) တည်ဆောက်ရန် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဗြိတိသျှနှင့် အမေရိကန်တို့ကမူ “အိုဗာလေ့ာဒ်စစ်ဆင်ရေး - Operation Overlord” (မဟာမိတ်တပ်တို့ နော်မန်ဒီကမ်းခြေသို့ ဆိုက်ရောက်နိုင်ရေး) ကို ပိုမိုအာရုံစူးစိုက်နေပြီး ရန်ကုန်သို့ ကြည်းကြောင်း၊ ရေကြောင်းဖြင့် ချီတက်တိုက်ခိုက်ရန် အစီအစဉ် (Plan Z၊ နောင်တွင် ဒရက်ကူလာ စစ်ဆင်ရေး - Operation Dracula) ကို ရွှေ့ဆိုင်းခဲ့သည်။ ကိုင်ရိုနှင့် ထိုမတိုင်မီက ကီဘက် (Quebec) တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များသည် မြန်မာပြည်၏ ၁၉၄၅ ခုနစ် နှောင်းပိုင်း နိုင်ငံရေးအခင်းအကျင်းကို ပုံဖော်ရာတွင် လွန်စွာမှ အရေးပါခဲ့ပေသည်။


ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်