အမေ့ခံအတိတ်
အမေ့ခံအတိတ်
မန္တလေးမြို့ကို ဂျပန်တို့ သိမ်းပိုက်ခဲ့စဉ်
event_note ခေတ်ကာလများပြပုံ

မေ ၁၉၄၂

မန္တလေးမြို့ကို ဂျပန်တို့ သိမ်းပိုက်ခဲ့စဉ်

room Myanmar

people Iida Shojiro

Read in English

၁၉၄၂ ခုနှစ် မေလ ပထမအပတ်တွင် ဗိုလ်ချုပ်ကြီး အီဒါရှိုဂျီရို (Iida Shojiro -飯田 祥二郎) ခေါင်းဆောင်သည့် အမှတ် ၁၅ ဂျပန်တပ်မတော်သည် မန္တလေးမြို့ကို သိမ်းယူလိုက်သည်။ မြန်မာပြည်ကို ဂျပန်တို့ ကျူးကျော်ဝင်ရောက်လာမှုသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ခရစ်စမတ်အကြိုနေ့တွင် ရန်ကုန်မြို့ကို ဗုံးကြဲခြင်းဖြင့် စတင်ခဲ့သည်။ ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ဂျပန်တို့ လက်အောက် ကျရောက်သည်။ မတ်လ ၃၀ ရက်နေ့တွင် ဂျပန်တပ်များသည် ဗိုလ်ချုပ်ကြီး လောင်ကျိုးယင် (Luo Zhuoying) ဦးဆောင်သည့် “မြန်မာပြည်ဆိုင်ရာ တရုတ်စစ်ဆင်ရေးတပ်”လက်ထဲမှ တောင်ငူမြို့ကို သိမ်းယူသည်။ ယင်းနောက် ဗိုလ်ချုပ်ကြီး အဲလက်ဇန္ဒား (Alexander) ဦးဆောင်သည့် (ဗြိတိသျှခေါင်းဆောင်သော) မြန်မာတပ်များကို အနိုင်တိုက်ကာ ပြည်မြို့ကို သိမ်းပိုက်သည်။ မန္တလေးတွင် မဟာမိတ်တပ်များ ခုခံတွန်းလှန်ရန် ကြိုးစားခဲ့ကြသော်လည်း ဂျပန်တို့က မြို့ကို အကြီးအကျယ် ဗုံးကြဲခဲ့သည်။ ဧပြီလ ၃ ရက်နေ့တွင် ကြဲသောမီးလောင်ဗုံးများကြောင့် လူသူထောင်ချီ သေဆုံးခဲ့သည်။ မန္တလေးတစ်မြို့လုံး မီးလောင်ပြာကျသွားသည်။ ကျုံးပတ်လည်လည်မှာ မီးကျွမ်းနေသော လူသေကောင်ပုပ်များနှင့် အပြည့်။ ဂျပန်တို့သည် ထိုရက်သတ္တပတ် မတိုင်မီက တရုတ်တို့လက်ထဲမှ လားရှိုးကို လည်းကောင်း၊ နောက်ရက်သတ္တပတ်တွင် စစ်တွေနှင့် မြစ်ကြီးနားကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့သည်။ ရန်ကုန်မှ အိန္ဒိယသို့ ဆုတ်ခွာခဲ့ရခြင်းမှာ ဗြိတိသျှတို့သမိုင်းတွင် အကြာဆုံးသော တပ်ဆုတ်ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း တိုက်ပွဲဝင်ရန် ဂျပန်၊ တရုတ်၊ ဂေါ်ရခါး၊ ဗြိတိသျှ၊ သြစတြေးလျံ၊ အမေရိကန်၊ အာဖရိကန်နှင့် ကနေဒါ စစ်သား တစ်သန်းနီးပါး မြန်မာပြည်သို့ ရောက်လာခဲ့သည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားရခြင်းမှာ မြန်မာတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိခဲ့သော်ညား စစ်ကြီးကြောင့် တိုင်းပြည်ပျက်စီးခဲ့ရသလို ယခုထိတောင် မပြီးဆုံးသေးသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရန် အကြောင်းဖန်လာစေခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်