လုမ္ဗိနီ၏ ခေတ်ကာလသမိုင်းကြောင်း

၆၂၃ ဘီစီ

လုမ္ဗိနီ၏ ခေတ်ကာလသမိုင်းကြောင်း

room Nepal

Read in English

· ၆၂၃ ဘီစီ - ဂေါတမဗုဒ္ဓဘုရား ဖြစ်လာမည့် သိဒ္ဓတ္ထဂေါတမ မင်းသားအား လုမ္ဗိနီတွင် ဖွားမြင်တော်မူသည်။

· ၂၄၉ ဘီစီ - အသောကဘုရင် လုမ္ဗိနီသို့ လာရောက်ကာ ဗုဒ္ဓ၏ ဖွားမြင်တော်မူရာနေရာကို လာရောက်ဖူးမြော်ကြောင်း ပါဠိဘာသာဖြင့် အာသောက ကျောက်စာတိုင်ကို ရေးထိုးစိုက်ထူသည်။

· ၃၅၀-၃၇၅ အေဒီ - တရုတ်ပြည်မှ ရဟန်းတော် ဆွန်ဆိုင်သည် လုမ္ဗိနီသို့ ဝတ်ပြုခရီး ရောက်ရှိလာပြီး သူ၏ ခရီးစဉ် အကြောင်းကို မှတ်တမ်းတင်သည်။

· ၆၃၆ အေဒီ - တရုတ်ပညာရှင် ရွှမ်ကျန်းသည် လုမ္ဗိနီသို့ ရောက်ရှိသည်။ လုမ္ဗိနီ၌ လူသူကင်းမဲ့နေပြီး သားရဲတိရစ္ဆာန်များ များပြားသဖြင့် ခရီးသည်တို့ ရှောင်ရှားကြသည့် နေရာဟု ရေးသားဖော်ပြထားသည်။

· ၁၃၁၂ အေဒီ - ကတ်သ်မန်ဒူမြို့ နေရာတွင် တည်ခဲ့သော မလ္လာတိုင်းပြည်၏ ဘုရင် ရီပုမလ္လာသည် လုမ္ဗိနီသို့ အလည်အပတ်လာသည်။ နောင်နှစ် ၅၀၀ ကျော်အတွင်း လုမ္ဗိနီကို လာရောက်ခဲ့ကြောင်း အထောက်အထား ချန်ရစ်ခဲ့သည့် နောက်ဆုံးခရီးသည် ဖြစ်သည်။ ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ လုမ္ဗိနီသည် စွန့်ပစ်ခံနေရာတစ်ခု ဖြစ်လာ၏။

· ၁၈၉၆ ခုနှစ် - တန်ဆန်မြို့တော်ဝန် ဗိုလ်ချုပ် ခါဒ်ဂါရှမ်ဆာသည် ဂျာမန်လူမျိုး ရှေးဟောင်းသုတေသီ အန်တွန်ဖျူရာနှင့် အတူ ရှာဖွေလေ့လာရေး ခရီးတစ်ခု စီစဉ်သည်။ ထိုတွင် ဗုဒ္ဓဖွားမြင်တော်မူရာနေရာကို မှတ်တင်တင်ထားသည့် အသောကကျောက်စာတိုင်ကို ပြန်လည် ရှာတွေ့သည်။

· ၁၉၅၆ ခုနှစ် - မဟိန္ဒြာဘုရင်သည် လုမ္ဗိနီသို့ လာရောက်ကြည့်ရှုကာ လုမ္ဗိနီကို ပြန်လည် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ ညီလာခံတွင် တင်ပြခဲ့သည်။

· ဧပြီလ ၁၉၆၇ ခုနှစ် - ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်သည် လုမ္ဗနီသို့ လာရောက်ခဲ့ပြီး လုမ္ဗိနီကို ဘုရားဖူးများ လာရောက်နိုင်ရန်၊ အပြည်ပြည်ဆိုင်ရာ ခရီးသွားများ လာရောက်နိုင်ရန်နှင့် ခန္တီစတရားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ သင်္ကေတ အဖြစ် ဖန်တီးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုများ ရရှိနိုင်ရေးကို ဆောင်ရွက်ခဲ့သည်။

· ၁၉၇၈ ခုနှစ် - နီပေါအစိုးရ အဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့တို့က ကန်ဇိုတန်ဂျီ စီမံကိန်းကို အတည်ပြုသည်။

ဓါတ်ပုံ - ဗုဒ္ဓဘုရား ဖွားမြင်ရာ မာယာဒေဝီ ဘုရားကျောင်း

သမိုင်းမတွင်မီ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်