အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ
event_note ခေတ်ကာလများပြပုံ

၅ မတ် ၁၈၂၄

ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ

Read in English

၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် အိန္ဒိယ၏ ဘုရင်ခံချုပ် လော့အာမ်ဟာ့စ် (Lord Amherst၊ နောင်တွင် အာရကန် (Arracan)၏ ပထမနယ်စား Earl Amherst of Arracan)သည် ကာလကတ္တားရှိ ဝီလီယံခံတပ် (Fort William Calcutta)က မြန်မာပြည်ကို စစ်ခင်းကြောင်း ကြေညာလိုက်သည်။ နှစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် ထိုစစ်ပွဲသည် ဗြိတိသျှ အင်ပါယာ သမိုင်းတွင် ကုန်ကျစရိတ် အများဆုံးသော စစ်ပွဲများထဲမှ တစ်ခုဖြစ်ခဲ့သည်။ (ယနေ့ခေတ် ငွေဖြင့်ဆိုလျှင် အမေရိကန်ဒေါ်လာ ၃၀ မီလီယံခန့် ကုန်ကျခဲ့သည်။) ထိုစစ်ပွဲကြောင့် ဥရောပ၊ အိန္ဒိယ၊ မြန်မာ စစ်သားနှင့် ပြည်သူများ ထောင်သောင်းချီ သေဆုံးခဲ့ရသည်။ အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီဒေသတို့ကို အရှေ့အိန္ဒိယကုမ္ပဏီ လက်ထဲသို့ အပ်နှင်း၍ မြန်မာ့စီးပွားရေးကို မျိုးဆက်တစ်ခုမျှ နလန်မထူစေနိုင်ခဲ့သော စစ်လျော်ကြေး (အမေရိကန်ဒေါ်လာ ၂ ဘီလီယံမျှ) ပေးအပ်ရန် မြန်မာဘက်မှ သဘောတူလိုက်ရခြင်းဖြင့် စစ်ပွဲအဆုံးသတ်ခဲ့သည်။ ပုံမှာ ၁၈၂၄ ခုနှစ် မေလက လော့အာမ်ဟာ့စ် ဦးစီးသည့် ကုမ္ဗဏီစစ်တပ်များ ရန်ကုန်ကို ကုန်း၊ရေ နှစ်သွယ်ဖြင့် ဝင်တိုက်ကြပုံ ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်