အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ပထမဆုံး ထိတွေ့မှု
event_note ခေတ်ကာလများပြပုံ

၁၈၅၆ - ၁၈၅၇

မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ပထမဆုံး ထိတွေ့မှု

room United States

မြန်မာပြည် အုပ်ချုပ်သူများနှင့် အမေရိကန်အစိုးရတို့အကြား ပထမဆုံး အဆက်အသွယ် ချိတ်ဆက်မိခြင်းမှာ ၁၈၅၆-၁၈၅၇ ခုနှစ်များတွင် မင်းတုန်းမင်းထံမှ သမ္မတ ဖရန်ကလင် ပိရဲ့စ် (Franklin Pierce) နှင့် ဂျိမ်းစ် ဘူခန်နန် (James Buchanan) (နှင့် သူတို့၏ နိုင်ငံခြားရေး ဝန်ကြီး အသီးသီး) ထံသို့ ပေးပို့ခဲ့သောစာချွန်လွှာများ ဖြစ်ပါလိမ့်မည်။ မင်းတုန်းမင်းသည် အမေရိကန်တို့နှင့် နှစ်ဦး သဘောတူစာချုပ် ချုပ်ဆိုလိုခဲ့သည်။ ထိုစာချုပ်သည် ဗြိတိသျှတို့ရန်စွယ်မှ အတိုင်းအတာ တစ်ခု အကာအကွယ် ပေးနိုင်ကောင်းသည်ဟု မျှော်လင့်ခဲ့သည်။ ထိုကာလက အသုံးအနှုန်းအတိုင်း တိုင်းပြည်အမည်ကို “သုနာပရန္တတိုင်းနှင့် တမ္ပဒီပတိုင်း” ဟု ဖော်ပြထားပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်