အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဦးနုပေးအပ်သည့် လက်ဆောင်နှင့် တွေ့ရသည့် ဂန္ဒီ
event_note ခေတ်ကာလများပြပုံ

၄ ဒီဇင်ဘာ ၁၉၄၇

ဦးနုပေးအပ်သည့် လက်ဆောင်နှင့် တွေ့ရသည့် ဂန္ဒီ

Read in English

များမကြာမီ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနုမှ လက်ဆောင်အဖြစ် ပေးအပ်သည့် ဦးထုပ်ကို ဝတ်ဆင်လျှက် မဟတ္တမဂန္ဒီကို ဒေလီရှိ ဗီယာလာနေအိမ်တွင် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရသည့်ပုံဖြစ်သည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့ ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်လျှင် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံကြား ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းချင်း တူညီပါသည်။ မဟတ္တမဂန္ဒီသည် ၁၉၀၅ ခုနှစ်မှ ၁၉၃၅ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အခါခါ လာရောက်လည်ပတ်ခဲ့သည်။ ထိုခရီးစဉ်များသည် သူ၏ စဉ်းစားတွေးခေါ်မှု၊ ကိုလိုနီနယ်ချဲ့ကိစ္စများ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ စသည့်အကြောင်းအရာများအပေါ် သူ၏အမြင်တို့ကို မည်သို့ ပြောင်းလဲစေသည်ကို စာရေးသားခဲ့သည်။ ဂန္ဒီ လန်ဒန်မြိုတွင် ကျောင်းတက်စဉ်က ငွေကြေးထောက်ပံ့ပေးခဲ့သည့် မိတ်ဆွေရင်းချာ ဒေါက်တာ မာတာ (Dr.Mehta)မှာ မဂိုလမ်းနှင့် နောင်တွင် ရွှေတိဂုံဘုရားလမ်းတွင် နေထိုင်ခဲ့သည်။ အိန္ဒိယပြည်သည် မြန်မာပြည်၏ လွတ်လပ်ရေး လှုပ်ရှားမှုများကို များစွာလွှမ်းမိုးမှုရှိခဲ့သည်။ သပိတ်မှောက်ခြင်းနှင့် အလုပ်သမားအရေးတော်ပုံတို့သည် အိန္ဒိယနိုင်ငံက တင်သွင်းလာသော လှုပ်ရှားမှုများဖြစ်သည်။ ၁၉၂၂ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်က အိန္ဒိယ၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပွားပြီးမကြာ မြန်မာနိုင်ငံတွင် အလားတူ ဖွဲ့စည်းပုံ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ကလီမန့်အက်တလီ (Clement Attlee) ၏ အလုပ်သမားအစိုးရ မြန်မာပြည်မှ စွန့်ခွာရန် ဆုံးဖြတ်လိုက်ခြင်း၏ အကြောင်းရင်းမှာ အိန္ဒိယနိုင်ငံ မကြာမီလွတ်လပ်ရေး ရသွားပါက မြန်မာပြည်သည် မဟာဗျူဟာအရ အရေးမပါတော့သောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဗြိတိသျှတို့၏ တွက်ချက်ဆုံးဖြတ်မှုများသည် တစ်မျိုးတစ်ဖုံ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်