၁၉ ၅၅ ခုနှစ် သြင်္ကန်တွင် ရေကစားနေကြသော နိုင်ငံခေါင်းဆောင်းကြီးများကို တွေ့ရစဉ်
event_note ခေတ်ကာလများပြပုံ

၁၃ ဧပြီ ၁၉၅၅

၁၉ ၅၅ ခုနှစ် သြင်္ကန်တွင် ရေကစားနေကြသော နိုင်ငံခေါင်းဆောင်းကြီးများကို တွေ့ရစဉ်

people ဦးနု Pandit Nehru President Nasser

Read in English

ဝဲမှယာသို့ အီဂျစ်သမ္မတ နက်ဆာ (Nasser)၊ မြန်မာဝန်ကြီးချုပ် ဦးနု၊ အိန္ဒိယဝန်ကြီးချုပ် နေရူး (Nehru)။ သမိုင်းဝင် ဘက်မလိုက် လှုပ်ရှားမှုကြီး (Non-Aligned Movement) ပေါ်ပေါက်လာမည့် ဘန်ဒွန်းညီလာခံသို့ တက်ရောက်ရန် အင်ဒိုနီးရှားသို့ သွားသည့်ခရီးစဉ်အတွင်း သမ္မတနက်ဆာနှင့် ဝန်ကြီးချုပ်နေရူးတို့သည် ရန်ကုန်တွင် တစ်ရက်ကျော်ကျော် ခရီးတစ်ထောက် နားခဲ့သည်။ ဝန်ကြီးချုပ်ဦးနုသည် သမ္မတနက်ဆာ၊ ဝန်ကြီးချုပ်နေရူးတို့နှင့်အတူ ဘန်ဒွန်းသို့ ခရီးဆက်ကြသည်။ (ဘန်ဒွန်းညီလာခံတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည့် ဦးသန့်လည်း အတူလိုက်ပါခဲ့သည်။) ဧည့်သည်တော်ကြီးများ မြန်မာဝတ်စုံ ဝတ်ဆင်ကာ အတာရေသြင်္ကန်ပွဲတော်တွင် ပါဝင်ဆင်နွှဲလျှင် ပျော်စရာ ကောင်းမည်ဟု ဦးနု တွေးမိကာ ထိုကဲ့သို့ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်