အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပျော်ရွှင်စရာ သီတင်းကျွတ် ဖြစ်ပါစေ။

4th Century

ပျော်ရွှင်စရာ သီတင်းကျွတ် ဖြစ်ပါစေ။

room India

ဤလေးရာစုလက်ရာ ဂန္ဒာရကျောက်ထွင်းလက်ရာတွင် ဂေါတမ မြတ်စွာဘုရားသည် မယ်တော်မိနတ်သားနှင့် နတ်မင်းကြီး ၃၃ ပါးတို့အား သုံးလကြာ အဘိဓမ္မာ ဟောပြောပြီးနောက် နတ်သိကြားဗြဟ္မာအပေါင်း ခြံရံလျှက် စောင်းတန်းသုံးသွယ်ဖြင့် တုဿိတာနတ်ပြည်မှ ဆင်းသက်လာပုံကို တွေ့မြင်နိုင်သည်။ ဥပ္ဗလဝဏ်ထေရီက လူ့ပြည်မှ ဒူးတုတ်ကာ ကြိုဆိုနေပုံကို ဖော်ပြထားသည်။

ဂန္ဓာရတိုင်းသည် (၁၈၀ဘီစီမှ ၄၅၀အေဒီထိ) ဂရိ (Greek) နှင့် ကူရှန် (Kushan) ဗုဒ္ဓဘာသာ တိုင်းပြည် ဖြစ်ခဲ့ပြီး ယနေ့ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် တည်ရှိရာတွင် ရှိခဲ့သည်။ မြို့တော်မှာ တက္ကသီလာဖြစ်ပြီး ဗုဒ္ဓဘာသာ သင်ကြားရေး ဌာနကြီး တစ်ခု ဖြစ်ခဲ့သည်။ (တက္ကသီလာ ဟူသော စကားလုံးသည် မြန်မာစကား တက္ကသိုလ်၏ မူလရင်းမြစ် စကားဖြစ်ပါသည်။)

သမိုင်းမတွင်မီ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်