အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗမာ(မြန်မာ)ပြည်၏နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်
event_note ခေတ်ကာလများပြပုံ

၁၃ ဒီဇင်ဘာ ၁၈၅၉ - ၁၉၂၅

ဗမာ(မြန်မာ)ပြည်၏နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်

people Queen Supayalat King Thibaw

Read in English

ဗမာ (မြန်မာ)ပြည်၏ နောက်ဆုံး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ်ကို ၁၈၅၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၉ နှစ်အရွယ်၌ သီပေါမင်း၏ နန်းမတော်အရှင် မိဖုရားခေါင်ကြီး ဖြစ်လာသည်။ နန်းစံသည့် ၇ နှစ်ကာလအတွင်း တော်ဝင်အာဏာကို (အထူးသဖြင့် နန်းတွင်းအသုံးစရိတ်ကို) လျှော့ချရန် အားထုတ်ကြသော ပြုပြင်ပြောင်းလဲရေး နန်းတွင်းအမတ်များကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။ ဘုရင်၏ မိဖုရားနှင့် ကိုယ်လုပ်တော်အရေအတွက်ကို ကန့်သတ်ရန်လည်း အားထုတ်ခဲ့သည်။သူမအား အပြောင်းအလဲကို ဆန့်ကျင်သော၊ လင်ယောက်ျားအပေါ် နိုင်လိုထက်မင်းပြုသော၊ အကျင့်စာရိတ္တ ပျက်ပြားသော အာဏာရှင်တစ်ယောက်အဖြစ် ဗြိတိသျှတို့က ဝါဒဖြန့်ခဲ့သည်။ များသောအားဖြင့် သီပေါမင်းနှင့်မိဖုရား နာမည်ဆိုးသည် ဗြိတိသျှတို့ မြန်မာပြည်အား စစ်အင်အားဖြင့် ဝင်ရောက်စွက်ဖက်ရန်နှင့် နယ်ချဲ့ရန် လိုအပ်လာရခြင်းအကြောင်းနှင့် ဆက်စပ်နေလေ့ရှိသည်။ (သီပေါမင်းဆိုလျှင် ဂျင် အရက်သောက်ကာ မူးနေတတ်သော ယစ်ထုပ်ကြီးအဖြစ် ပုံဖော်ခံရသည်။ တကယ်တမ်းဆိုလျှင် သီပေါမင်းသည် အရက်သေစာကို တစ်စိုးတစိမျှပင် သောက်သုံးခဲ့ခြင်း မရှိသည်မှာ အသေအချာပင်ဖြစ်သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားသည့်အချိန်တွင် စုဖုရားလတ်သည် အသက် ၂၆ နှစ်အရွယ်ရှိပြီး တတိယမြောက် သမီးတော် ရင်သွေးလွယ်ထားရသည့်အခိုက်ဖြစ်သည်။ အိန္ဒိယ ရတနာဂီရိတွင် ၁၈၈၅-၁၉ ၁၉ ခုနှစ်အထိ နေထိုင်ခဲ့သည်။ ထို့နောက် မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ရာ ၁၉ ၂၅ ခုနှစ် မကွယ်လွန်သည့်အချိန်ထိ ရန်ကုန် ချာချေးလ်လမ်း (ယနေ့ ကိုယ့်မင်းကိုယ့်ချင်းလမ်း)တွင် နေထိုင်ခဲ့သည်။ သူမ၏ ရုပ်အလောင်းကို ရွှေတိဂုံဘုရား ခြေတော်ရင်းတွင် မြုပ်နှံထားသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ကိုယ့်မင်းကိုယ့်ချင်းရှိ စုဖုရားလတ်၏နေအိမ်ကို အထပ်မြင့်တိုက်ဆောက်ရန် ဖြိုချလိုက်ပြီ ထင်ပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်