အမေ့ခံအတိတ်
အမေ့ခံအတိတ်
အိန္ဒိယနှင့် မြန်မာခေါင်းဆောင်များ
event_note ခေတ်ကာလများပြပုံ

၁၉၅၁

အိန္ဒိယနှင့် မြန်မာခေါင်းဆောင်များ

room India

Read in English

ဖော်ပြပါပုံနှစ်ပုံမှာ ၁၉၅၁ ခုနှစ်က ရိုက်ကူးခဲ့သည့် အိန္ဒိယနှင့် မြန်မာ ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံများ ဖြစ်သည်။ ပထမပုံမှာ ပလန်လေဆိပ် (Palam Airport၊ ယနေ့တွင် အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်)တွင် ဦးနုအား ပန်ဒစ်နေရူး (Pandit Nehru) လာရောက်နှုတ်ဆက်သည့်ပုံ ဖြစ်သည်။ ဒုတိယပုံမှာ ထိုခရီးစဉ်အတွင်းပင် ဦးနု၊ ပန်ဒစ်နေရူးတို့ သမ္မတ ရာဂျန်ဒရာပရာဆတ် (Rajendra Prasad၊ အိန္ဒိယနိုင်ငံ ပထမဆုံး သမ္မတ)နှင့် တွေ့ဆုံနေပုံ ဖြစ်သည်။ ဦးနုသည် ထိုစဉ်က အသက် ၄၅ နှစ် ရှိပြီ ဖြစ်ပြီး ဝန်ကြီးချုပ်သက်တမ်း ၃ နှစ် ရှိပြီ ဖြစ်သည်။ ဦးနုနှင့် ပန်ဒစ်နေရူးသည် မိတ်ဆွေရင်းချာများ ဖြစ်သည်။

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်