အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဂျူလိုင်လ ၂၉  ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာကျားများနေ့

19th Century

ဂျူလိုင်လ ၂၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာကျားများနေ့

room Myanmar

Read in English

လွန်ခဲ့သော နှစ်တစ်ရာဝန်းကျင်က အာရှတိုက်တစ်လွှား ပင်လယ်နက်မှ ပစိဖိတ်သမုဒ္ဒရာအထိ လည်းကောင်း၊ ဆိုင်ဘေးရီးယားမှ အိန္ဒိယသမုဒ္ဒရာအထိ လည်းကောင်း ကျားအရေအတွက် သိန်းနှင့်ချီကာ နေထိုင်ကျက်စားခဲ့သည်။ ယနေ့အချိန်တွင် ယင်းတို့ကျက်စားရာနယ်မြေမှာ ကျဉ်းသထက်ကျဉ်းလာပြီး ကျားအရေအတွက် ထောင်နှင့်ချီကာ ကျန်တော့သည်။ ကျားများ ရှင်သန်နေထိုင်နိုင်သေးသည့် နိုင်ငံပေါင်း ၁၃ ခုသာ ရှိသည့်အနက် မြန်မာနိုင်ငံ ပါဝင်နေသည်။ ၁၉ ရာစုနှစ်များက (ယနေ့ ဦးဝိစာရလမ်း တည်ရှိရာ) ကျားတောင်ကြားအပါအဝင် ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များ၌ ကျားများ ကျင်လည်ကျက်စားခဲ့သည်။ ၁၉ ၀၃ ခုနှစ်တွင် ဗြိတိသျှစစ်သားများက ကျားမတစ်ယောက်ကို သေနတ်နှင့်ပစ်လိုက်ရာ ကျည်ဆံထိထိုကျားမသည် ရွှေတိဘုရားပေါ်သို့ မျက်စိလည်ကာ ရောက်လာခဲ့ဖူးသည်။ ထိုကာလများကစတင်ကာ အမဲလိုက်ခြင်း၊ ကျင်လည်ကျက်စားရာနေရာ မရှိတော့ခြင်းတို့ကြောင့် ကျားကောင်ရေ အဆမတန်ထိုးကျသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၀၀ အောက်သာ ကျန်ရှိတော့မည်ဟု ယူဆရသည်။ ဟူကောင်း ကျားထိန်းသိမ်းရေး နယ်မြေ

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉ ၆၂ - ၂ ၀၁၈) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်