အမေ့ခံအတိတ်
အမေ့ခံအတိတ်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်
event_note ခေတ်ကာလများပြပုံ

၁၈၈၃ - ၁၉၇၀

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်

room Myanmar

people Daw Nan Thaung

Read in English

ကျွနု်ပ်၏ အဘွား ဖြစ်သူ ဒေါ်နန်းသောင်းမှာ ၁၈၈၃ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း၌ ဖွားမြင်သည်။ ဤသည်မှာ အဘွားဖြစ်သူ အသက် ၉ ၀ ကျော်အရွယ် ၁၉ ၇၀ ပြည့်နှစ်များအတွင်း ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ သူမ၏ အမျိုးသား ဦးဘိုးနှစ်မှာ ပန်းတနော်မှ မြေပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သူမတွင် သား ၄ ယောက်ရှိသည်။ ဦးသန့်၊ ဦးခန့်၊ ဦးသောင်းနှင့် ဦးတင်မောင်တို့ ဖြစ်ကြသည်။ လင်ယောက်ျား ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားသည့်အခါ မုဆိုးမအဖြစ်နှင့် အသက် ၄ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများအတူ ကျန်ရစ်ခဲ့သည်။ (ကွယ်လွန်သွားသော အမျိုးသားဖြစ်သူ၏ ဦးလေးက မိသားစုပိုင် အိမ်ခြံမြေများနှင့် စုဆောင်းထားသော ငွေများကို လက်ဝါးကြီးအုပ်သွားသောကြောင့်) အဘွားဖြစ်သူတွင် ငွေကြေး မည်မည်ရရ မကျန်ခဲ့ချေ။ သား ၄ ယောက်ကို တစ်ကိုယ်တည်း ရှာဖွေ ကျွေးမွေး ပြုစု ပျိုးထောင်ခဲ့ရသည်။ သား ၂ ယောက်မှာ ရာထူးကြီး အစိုးရ ဝန်ထမ်းများ ဖြစ်လာခဲ့သည်။ တစ်ယောက်မှာ လွှတ်တော်ကိုယ်စားလှယ်၊ အကြီးဆုံးမှာ တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉ ၆၂ - ၂ ၀၁၈) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်