ဂျပန်ဗိုလ်ချုပ်ကြီး ရန်ကုန်မြို့  အစိုးရအိမ်တော်၌ တရားဝင် လက်နက်ချစဉ်
event_note ခေတ်ကာလများပြပုံ

၁၂ စက်တင်ဘာ ၁၉၄၅

ဂျပန်ဗိုလ်ချုပ်ကြီး ရန်ကုန်မြို့ အစိုးရအိမ်တော်၌ တရားဝင် လက်နက်ချစဉ်

people Louis Mountbatten General Aung San General Ichid Jiro Brigadier E.P.E Armstrong

Read in English

၁၉ ၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ - ရန်ကုန်မြို့အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး အီချိဒါဂျီရို (မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော် ခေတ္တကာကွယ်ရေးဦးစီးချုပ်)သည် ဗြိတိသျှဗိုလ်မှူးချုပ် အီးပီအီးအမ်းစထရောင်း (E.P.E Armstrong) ရှေ့မှောက်တွင် တရားဝင်လက်နက်ချသည်။ (ဗိုလ်မှူးချုပ်အမ်းစထရောင်းသည် အမှတ် ၁၂ ဗြိတိသျှတပ်မတော်တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး မောင်တီဂယူးစတော့ဖို့ဒ် Montague Stopford ၏ လက်အောက် ကာကွယ်ရေးဦးစီးချုပ် ရာထူးအဆင့်ရှိသည်။) တစ်နေ့တည်းမှာပင် စင်ကာပူ၌ မဟာမိတ်တပ်များ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ စစ်သေနာပတိ ဗိုလ်ချုပ်ကြီးလော့ဒ်မောင့်ဘက်တန်ထံ ဂျပန်တု့ိလက်နက်ချသည်။ ထိုနေ့မတိုင်မီ ၅ ရက်အလို စက်တင်ဘာလ ၇ ရက်နေ့က လော့ဒ်မောင့်ဘက်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် သီဟိုဠ်ပြည်၊ကန်ဒီမြို့တွင် သဘောတူစာချုပ်တစ်ရပ် ရေးထိုးခဲ့သည်။ စာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်မှ တပ်သားအရေအတွက် ၅၂၀၀ အထိ ဗြိတိသျှမြန်မာတပ်မတော်သို့ လက်ခံသိမ်းသွင်းရန်နှင့် တစ်ခုတည်းသော “ဗမာ့တပ်မတော်” အသစ် ဖွဲ့စည်းရန်ဖြစ်သည်။ နောက်သုံးနှစ်အကြာတွင် မြန်မာပြည် လွတ်လပ်ရေးရခဲ့ရုံသာမက ပြည်တွင်းစစ်အတွင်းသို ့ကျရောက်ခဲ့လေတော့သည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်