သီပေါမင်း၏ မွေးနေ့
event_note ခေတ်ကာလများပြပုံ

၁ ဇန်နဝါရီ ၁၈၅၉

သီပေါမင်း၏ မွေးနေ့

people King Mindon King Thibaw Laungshe Queen

Read in English

၁၈၅၉ ခုနှစ် ဇန်နဝါရီ လ (၁)ရက်နေ့သည် သီပေါမင်း၏ မွေးနေ့ဖြစ်သည်။ သီပေါမင်းသည် မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏သား ဖြစ်ပြီး မင်းတုန်းမင်း၏ ၄၁ ဦးမြောက်သားတော်ဖြစ်သည်။ သီရိပဝရ ဝိဇယာန္တ ယသတိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ အမည်ဖြင့် ဘိသိက်ခံခဲ့ပြီး ကုန်းဘောင်မင်းဆက်၏ (၁၁)ဆက်မြောက်နှင့်နောက်ဆုံး ဘုရင်ဖြစ်သည်။ ၁၈၇၈ ခုနှစ် အောက်တို ဘာတွင် နန်းတက်ပြီး ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့၏ နန်းချခြင်းခံရကာ နယ်နှင်ဒဏ်ခံနေရစဉ်အတွင်း ၁၉၁၆ခုနှစ် ဒီဇင်ဘာ (၁၉)တွင် အသက် ၅၇ နှစ်၌ နတ်ရွာစံသည်။ အငြင်းပွားဖွယ် ရွေးချယ်မှုများဖြင့် နန်းတက်လာပြီး အငြင်းပွားခံရဆုံးသော ဘုရင်ဖြစ်သော်လည်း လွတ်လပ်ရေးကို ထိပါးခြိမ်းခြောက်ခံနေရချိန်တွင် တိုင်းပြည်ကို ခေတ်မီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲရန် ရေကုန်ရေခမ်း ကြိုးစားသည့် အစိုးရတစ်ရပ်၏ အဓိက အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။ ဓာတ်ပုံအောက်ခြေရှိ သီပေါမင်း၏ လက်မှတ်သည်ကျွန်တော်မြင်ဖူးသည့်သူ၏ တစ်ခုတည်းသောလက်မှတ် ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်