အမေ့ခံအတိတ်
အမေ့ခံအတိတ်
အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားရသော မြန်မာကျောင်းသားများထဲမှ တစ်ဦး

1870s

အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားရသော မြန်မာကျောင်းသားများထဲမှ တစ်ဦး

room United States

ဤသည်မှာ အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားရသော မြန်မာကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် ကိုလိုင်ရာ (Kolia San Thabue)၏ ဓာတ်ပုံဖြစ်သည်။ သူသည် ပုသိမ်မှ ပိုးကရင်လူမျိုးဖြစ်ပြီး ၁၈၇၀ ပြည့်နှစ် နှောင်းပိုင်းအချိန်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့သည်။ သူ့အကြောင်းအပြည့်အစုံကို သေချာမသိသော်လည်း မစ်ရှိဂန်ပြည်နယ်ကောလိပ် (Michigan College - ယခုတက္ကသိုလ် )သို့ မတက်ရောက်မီ ရှစ်ကာဂိုတက္ကသိုလ် (Chicago University) နှင့် ကာလမက်ဇူးကောလိပ် (Kalamazoo College) ၌ ပညာသင်ယူခဲ့သည်။ သိရှိရသလောက်မှာ သူသည် ရှစ်ကာဂို၌ ကျောင်းတက်နေစဉ် ဒုတိယနှစ်အတွင်း ငွေကြေးအခက်အခဲဖြစ်ခဲ့သည်။ ဖော်ပြပါဓာတ်ပုံမှာ ကျောင်းဆက်တက်နိုင်ရန်အတွက် ကျောင်းစရိတ် (အလှူရှင်တစ်ဦးလျှင် ၂၅ ဆင့်) လှူဒါန်းရန် နှိုးဆော်ရာ၌ အသုံးပြုခဲ့သော ဓာတ်ပုံဖြစ်သည်။ သူသည် ဒက်ထရွိုက် (Detroit) နှင့် မက်ဆာချူးဆက်ပြည်နယ် (Massachusetts) အပါအဝင် အမေရိကန်ပြည်ထောင်စုတွင် ၁၈ နှစ်ကြာ ကြိုကြားကြိုကြား နေထိုင်ခဲ့သည်။ ပုသိမ်ကျောင်းတွင် ကျောင်းအုပ်အဖြစ် အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ နောက်ပိုင်းတွင် ဝါးခယ်မ (သာယာကုန်းရွာ)တွင် အခြေချကာ တောင်ယာစိုက်ပျိုးလေသည်။ ရွာသူရွာသားများက အမေရိကန်ပြန် ဘွဲ့ရပညာတတ်တစ်ယောက်သည် ရှေ့နေလည်းမလုပ်၊ အစိုးရဝန်ထမ်းလည်း မလုပ်ပါဘဲ မည်သည့်အတွက် ယာလုပ်လိုသည်ကို နားမလည်နိုင်ကြကြောင်း သူက ညည်းညူပြောဆိုခဲ့သည်။ (“အလကားအသုံးမကျသောအရူး”ဟု လူပြောခံခဲ့ရသည်)။ သူ၏ “အမေရိကန်ဥယျာဉ်”တွင် စိုက်ပျိုးရန် ဆလတ်ရွက်နှင့် သကြားပြောင်း မျိုးစေ့များကို မစ်ရှိဂန်မှသူငယ်ချင်းများထံတွင် တောင်းခံခဲ့လေသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်