အမေ့ခံအတိတ်
အမေ့ခံအတိတ်
လေဘာပါတီနှင့် မြန်မာပြည်
event_note ခေတ်ကာလများပြပုံ

ဇူလိုင် ၁၉၄၅

လေဘာပါတီနှင့် မြန်မာပြည်

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် လေဘာပါတီက ကွန်ဆာဗေးတစ် ပါတီကို အပြတ်အသတ် အနိုင်ရပြီး ဆာ ဝင်စတန်ချာချီ (Sir Winston Churchill) နေရာကို အစားထိုးကာ ကလီမန့်အက်တလီ (Clement Attlee) ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ လေဘာပါတီ၏ အနိုင်ရမှုက မြန်မာ့သမိုင်းလမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့ကြောင်း သံသယပွားဖွယ်မရှိပါ။ ကလီမန့်အက်တလီသည် ကိုလိုနီစနစ်ကို စွန့်လွှတ်မည် ဟူသော ကတိဖြင့် တက်လာသူဖြစ်သည်။ တစ်နှစ်အတွင်းပင် မူဝါဒ အဟောင်းများကို ပြောင်းလဲပစ်ပြီး မြန်မာပြည်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်လမ်းကြောင်းပေါ်သို့ ကလီမန် တူရူ ပြုလာခဲ့သည်။ ၁၉၄၉ ခုနှစ်အရောက်တွင် အက်တလီ အစိုးရက အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ နှင့် စီလွန် တို့ကို လွတ်လပ်ရေးပေးခဲ့ပြီးဖြစ်သည်။ ဝင်စတန်ချာချီဦးဆောင်သော ကွန်ဆာဗေးတစ် ပါတီသာ အာဏာဆက်ရခဲ့လျှင် ၁၉၄၈ ခုနှစ်တွင် မြန်မာပြည်ကို လွတ်လပ်ရေပေးခဲ့လိမ့်မည် မဟုတ်ပါ။ (မြန်မာပြည်ကို အိန္ဒိယ ပြည်မှ ခွဲထုတ်ခဲ့သော) ဆိုင်မွန် ကော်မရှင် (Simon Commission) အဖွဲ့ဝင် တစ်ယောက်အဖြစ် အက်တလီသည် ၁၉၂၀ ခုနှစ်များဆီက မြန်မာပြည်သို့၂ ကြိမ်လာရောက်ခဲ့ဖူးပါသည်။ ယခုဓာတ်ပုံမှာ ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် နု-အက်တလီ စာချုပ် ချုပ်ဆိုစဉ်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံထဲတွင် အက်တလီ၊ ဦးနု၊ ဗိုလ်လက်ျာနှင့် ဦးတင်ထွဋ်တို့ကို တွေ့ရမည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်