အမေ့ခံအတိတ်
အမေ့ခံအတိတ်
အစ္စရေးနိုင်ငံ တည်ထောင်သူနှင့် ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်၏ မြန်မာပြည်ခရီး

event_note ခေတ်ကာလများပြပုံ

1950s - 1960s

အစ္စရေးနိုင်ငံ တည်ထောင်သူနှင့် ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်၏ မြန်မာပြည်ခရီး

room Israel

people ဦးနု David Ben Gurion President Mahn Win Maung General Ne Win Chief Justice U Thein Maung

Read in English

၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အစ္စရေးနိုင်ငံတည်ထောင်သူနှင့် ပထမဆုံးသောဝန်ကြီးချုပ်လည်းဖြစ်သူ ဒေးဗစ်ဘင်ဂူရီယန် (David Ben-Gurion) မြန်မာပြည်သို့ အလည်အပတ်လာရောက်ခဲ့ခြင်းမှာ သမိုင်းတွင်ပေသည်။

၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ အစောပိုင်းကာလရှိ ဗမာပြည်သည် စစ်မက်ရေးရာအပါအဝင် အခြားသောကိစ္စရပ်များတွင် အစ္စရေးနိုင်ငံနှင့် နီးနီးကပ်ကပ် ဆက်သွယ်ခဲ့ကြကြောင်းကို သိသူနည်းပါးပါသည်။ တိုင်းပြည် နှစ်ပြည်လုံးသည် ဗြိတိသျှအင်ပါယာမှ တပြိုင်တည်းမှာလိုလို လွတ်လပ်ရေးရခဲ့ကြသည်။ နှစ်ပြည်လုံးပင် ဒုတိယ ကမ္ဘာစစ်ကို ကြုံခဲ့ရသည်။ နှစ်ပြည်လုံးကို အစောပိုင်း ဦးဆောင်ခဲ့ကြသူများမှာ ရွေးကောက်ခံ ဆိုရှယ်လစ် အစိုးရများဖြစ်ကြသည်။ အစ္စရေးနိုင်ငံ တည်ထောင်စတွင် ဦးဆုံးအသိအမှတ်ပြုသော အာရှနိုင်ငံမှာ ဗမာနိုင်ငံဖြစ်သည်။ ထိုသို့အသိအမှတ်ပြုခြင်းအားဖြင့် ဗမာပြည်သည် အစ္စရေးကို ကမ္ဘာ့နိုင်ငံရေးမျက်နှာစာသို့တွန်းတင်ပေးနိုင်ခဲ့ပြီး ဂျူးလူမျိုးတို့ကိုယ်စား ဆိုဗီယက်ခေါင်းဆောင်များနှင့် ဝင်ရောက်ဆွေးနွေးဖို့ပင် ကြိုးပမ်းခဲ့ဖူးသည်။

ရန်ကုန်သည် ကိုလိုနီခေတ်တွင် တက်ကြွသော ဂျူးလူမျိုး ၂၀၀၀ ကျော်ကို လက်ခံထားရာနေရာဖြစ်သည်။ ၁၉၃၀ ခုနှစ်များဆီက ဂျူးလူမျိုး မြို့တော်ဝန်တစ်ယောက် ပင်ခန့်အပ်ခဲ့ဖူးသည်။ (ဒေးဗစ် ဆိုဖေယာ - David Sofaer ဖြစ်သည်။ ယခုအခါ သူ၏မိသားစုဝင်များက ပန်းဆိုးတန်းလမ်းနှင့်ကုန်သည်လမ်းထောင့်တွင် ဆိုဖေယာအဆောက်အဦးကို ဆောက်လုပ်ထားသည်။)

၁၉ ၅၀ ပြည့်နှစ်များအတွင်း ဦးနု၊ ဦးနေဝင်း စသူတို့ အစ္စရေးသို့ မကြာခဏ သွားရောက်ခဲ့သလို မြန်မာနိုင်ငံသို့ အစ္စရေးနိုင်ငံတော်မှ ဧည့်သည်တော်ကြီးများလည်း လာရောက်လည်ပတ်ခဲ့ဖူးပါသည်။ ဂိုလ်ဒါမေယာ (Golda Meir) ၊ မိုရှေဒါယန် (Moshe Sharett)၊ ရှီမွန်ပိရာ့စ် (Shimon Peres)၊ မိုရှေဒေယန် (Moshe Dayan)၊ အက်ဘာအီဘန် (Abba Eban)၊ ဒေးဗစ်ဘင်ဂူရီယန် (David Ben Gurion)တို့ ဖြစ်ကြသည်။

ဗုဒ္ဓဘာသာကို စိတ်ဝင်စားသော ဒေးဗစ်ဘင်ဂူရီယန်သည် (ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်းမှာပင်) မြန်မာ၌ ၁၆ ရက်ထက်မနည်း နေသွားခဲ့သည်။ သူကိုယ်တိုင် မြန်မာအဝတ်အစားများကို ဝတ်ဆင်ခဲ့၏။ (အခြားသော အရာရှိများကိုလည်း ဝတ်ဆင်စေခဲ့သေးသည်။)

ဖော်ပြပါပုံများကို ၁၉ ၅၅-၁၉ ၆၂ ခုနှစ်အတွင်းက ရိုက်ကူးထားခြင်းဖြစ်သည်။

(၁) ရန်ကုန်မြို့ အစိုးရအိမ်တော်တွင်  ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်အား သမ္မတ မန်းဝင်းမောင်နှင့် ဦးနုတို့နှင့်အတူ တွေ့ရစဉ်

(၂) ဦးနု၊ ဝန်ကြီးချုပ် မိုရှေရှာရက်နှင့် အစ္စရေးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  မိုရှေဒါယန်တို့ ဂုဏ်ပြုတပ်ဖွဲ့ဝင်များကို စစ်ဆေးကြည့်ရှုစဉ်

(၃) ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်နှင့် တရားသူကြီးချုပ် ဦးသိန်းမောင်တို့ကို ရွှေတိဂုံဘုရား၌ တွေ့ရစဉ်

(၄) တယ်လ်အဗိလေဆိပ်တွင် ဗိုလ်ချုပ်နေဝင်းနှင့် ဒေးဗစ်ဘင်ဂူရီယန်တို့ကို မြင်တွေ့ရစဉ်

(၅) တယ်လ်အဗိရောက် ဦးနု တို့ဖြစ်သည်။


ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်