အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၈၈ ခုနှစ်က မန္တလေးတွင် အင်္ဂလူမျိုးတစ်ဦးသည် သြင်္ကန်ပွဲတော်အကြောင်း စတင်သိရှိခဲ့သည်
event_note ခေတ်ကာလများပြပုံ

ဧပြီ ၁၈၈၈

၁၈၈၈ ခုနှစ်က မန္တလေးတွင် အင်္ဂလူမျိုးတစ်ဦးသည် သြင်္ကန်ပွဲတော်အကြောင်း စတင်သိရှိခဲ့သည်

Read in English

ယင်းနောက် ၁၈၈၈ ခုနှစ် ဧပြီလထုတ် လန်ဒန်သတင်းစာတွင် သြင်္ကန်သရုပ်ဖော်ပုံကို ဖော်ပြခဲ့သည်။ မြန်မာ့နှစ်သစ်ကူးပွဲတေ်ာ မည်သည့်အတွက်အကြောင့် ဧပြီလလယ်ပိုင်းတွင် ကျင်းပရသလဲဆိုသည်ကို သိရှိလိုသူများအတွက် ဖော်ပြလိုက်ပါသည်။ (၁) သြင်္ကန်ဆိုသည့် ဝေါဟာရမှာ သံသရိုက်ဘာသာစကား ‘Saṁkrānti’ ဟုသော စကားလုံးမှ ဆင်းသက်လာသည်။ ထိုင်းဘာသာစကား “ဆောင်ခရန် - Songkran”နှင့် အတူတူပင် ဖြစ်၏။ (၂) ‘သြင်္ကန္တ Saṁkrānti’ဆိုသည်မှာ နေမင်းကြီး နက္ခတ်တာရာ ရာသီခွင်တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းဖြတ်ကျော်သည့် နေ့ရက်ဟု အဓိပ္ပါယ်ရသည်။ အမှန်ဆိုလျှင် တစ်နှစ်အတွင်း သြင်္ကန် ၁၂ ကြိမ်ကျသည်။ (၃) နောက်ဆုံး ရာသီခွင် (ပါဠိဘာသာဖြင့် မိန်ရာသီ၊ မြန်မာဘာသာဖြင့် တပေါင်းလ)ကို ကျော်လွန်ပြီး ပထမဆုံး ရာသီခွင် (ပါဠိဘာသာဖြင့် မိဿရာသီ၊ မြန်မာဘာသာဖြင့် တန်ခူးလ) သို့ နေ ကူးပြောင်းသည့်အချိန်ကာလကို အမှတ်ပြုကာ နှစ်သစ်ကူးသည်ဟု ဆိုကြသည်။ (၄) ဆယ့်နှစ်ရာသီခွင်သည် (လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော်) ဘေဘီလုံခေတ်ကာလက စတင်ပေါ်ပေါက်ခဲ့သည်။ နွေဦး၏နေ့တာနှင့် ညတာ ညီမျှသောကာလသို့ ဝင်ရောက်ခြင်းကို အမှတ်အသားပြုသည့် မိန်ရာသီ၏ ပထမဆုံးရက်ကို ဆယ့်နှစ်ရာသီခွင်၏ အစအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ (၅) ထောင်စုနှစ်များ ကြာသည်နှင့်အမျှ ကမ္ဘာမြေ ဝင်ရိုးဗဟိုပြုလည်ပတ်ပုံ နှေးကွေး အချိန်ကြာလာသည့်အတွက် နွေဦးဝင်သည့် ရာသီစက်ဝန်း နောက်ကျကျန်ခဲ့ပြီး ရှေးယခင်ကကဲ့သို့ နွေဦးနေ့တာ၊ညတာ ထပ်တူကြသည့် အချိန်သည် သြင်္ကန်ကာလအတွင်း မဖြစ်ပေါ်တော့ဘဲ တစ်လစောကာ (မတ်လ ၂၁ ရက်နေ့တွင်) ဖြစ်ပွားသည်။ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ သြင်္ကန်ဖြစ်ပါစေ။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်