အမေ့ခံအတိတ်
အမေ့ခံအတိတ်
လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော် ၁၉ ၆၇ ခုနှစ် မေလက ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် ကျင်းပသော ၆၇ ခုနှစ် နိုင်ငံတကာကုန်စည်ပြပွဲ (Expo '67)၊ မြန်မာနိုင်ငံပြခန်း၌ ဗိုလ်မှူးချုပ်ဦးတင်ဖေကို တွေ့ရစဉ်
event_note ခေတ်ကာလများပြပုံ

မေ ၁၉၆၇

လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော် ၁၉ ၆၇ ခုနှစ် မေလက ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် ကျင်းပသော ၆၇ ခုနှစ် နိုင်ငံတကာကုန်စည်ပြပွဲ (Expo '67)၊ မြန်မာနိုင်ငံပြခန်း၌ ဗိုလ်မှူးချုပ်ဦးတင်ဖေကို တွေ့ရစဉ်

ဓာတ်ပုံ၏ ယာဘက်တွင် ရှိနေသူမှာ ဗိုလ်မှူးချုပ်ဦးတင်ဖေဖြစ်ပြီး ဝဲဘက်တွင် ဒေါ်ရီရီချစ်မောင်၊ ထိုကမ္ဘာ့ကုန်စည်ပြပွဲကြီးကို ဦးစီးဦးဆောင်ပြု ကျင်းပသည့် မစ္စစ်ရောဘတ်ရှောတို့ကို တွေ့နိုင်သည်။ ၂၀ ရာစုနှစ်အတွင်း ကမ္ဘာ့ကုန်စည်ပြပွဲများစွာ ပြုလုပ်ခဲ့ရာ Expo '67 (အတိအကျပြောရလျှင် ၁၉ ၆၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုန်စည်ပြပွဲကြီး)သည် အအောင်မြင်ဆုံး ပြပွဲကြီးများထဲမှ တစ်ခု ဖြစ်ခဲ့၏။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆၂ နိုင်ငံ ပါဝင်ပြီး လူသန်းပေါင်း ၅၀ ကျော်တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံပြခန်းတွင် တိုင်းပြည်၏ အဖိုးတန်ဆုံး ကျောက်မျက်ရတနာများ၊ တွင်းထွက်ပစ္စည်းများ၊ သစ်တောနှင့် စိုက်ပျိုးရေး ထုတ်ကုန်များကို ပွဲထုတ်ပြသထားသည်။ မြန်မာရိုးရာဂီတ ဖျော်ဖြေပွဲများလည်း ရှိသည်။ မြန်မာအစားအသောက်နှင့် ဆေးပေါ့လိပ်များကို ရောင်းချခဲ့သည်။ ဤသည်မှာ တော်လှန်ရေးကောင်စီ၏ ဆိုရှယ်လစ်လမ်းစဉ် အရှိန်ကောင်းနေသည့်ကာလက ဖြစ်သည်။ တိုင်းပြည်စီးပွားရေးမှာ တစ်ဟုန်ထိုးကျဆင်းနေပြီး တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်အဓိကရုဏ်းများ ဖြစ်တော့မည့်ဆဲဆဲအချိန် ဖြစ်သည်။ ဗိုလ်မှူးချုပ်ဦးတင်ဖေသည် ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီးဖြစ်သည်။ တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များ အနောက်နိုင်ငံများသို့ အလည်အပတ် အသွားနည်းလှသည့် အချိန်ဖြစ်သည်။ (ဗိုလ်ချုပ်နေဝင်းကတော့ ယူကေသို့ မကြာခဏ ခရီးထွက်လေ့ရှိပြီး များသောအားဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့်ဖြစ်သည်။) ဦးတင်ဖေ၏ မွန်ထရီရယ်လ်သို့သွားရောက်ခြင်းမှာ ရှားရှားပါးပါး ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉ ၆၂ - ၂ ၀၁၈) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်