အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဒုတိယကမ္ဘာစစ်အတွင်းက မော်လမြိုင်
event_note ခေတ်ကာလများပြပုံ

ဇန်နဝါရီ ၁၉၄၂ - ၁ ဖေဖော်ဝါရီ ၁၉၄၂

ဒုတိယကမ္ဘာစစ်အတွင်းက မော်လမြိုင်

Read in English

၁၉ ၄၂ခုနှစ် ဇန်နဝါရီလအကုန်ပိုင်းတွင် ဗိုလ်ချုပ်ကြီး ရှိုဂျီယိုအိုင်ဒါ (Shojiro Iida) ခေါင်းဆောင်သော အမှတ် ၁၅ ဂျပန်တပ်မတော်အောက်ရှိ အမှတ် ၅၅ တပ်မသည် ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ကာ မော်လမြိုင်ကို သိမ်းသည်။ ဂျပန်တို့၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်နှင့် တရုတ်ချန်ကေရှိတ်တို့အကြား (ဗမာလမ်းမကြီး “The Burma Road”) မဟာမိတ်တပ်များ၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ရန် ဖြစ်သည်။ နောင် သုံးနှစ်ခွဲအတွင်း မြန်မာပြည် (အင်ဖယ်နှင့် ကိုဟီးမားအပါအဝင်)တွင် ဖြစ်ပွားသော စစ်ပွဲများကြောင့် ဂျပန်၊ တရုတ်၊ အမေရိကန်၊ ဗြိတိသျှ၊ အိန္ဒိယ၊ ဂေါ်ရခါးနှင့် မြန်မာ စစ်သားဦးရေ ငါးသိန်းကျော် သေကြေ သို့မဟုတ် အပြင်းအထန် ဒဏ်ရာရကြသည်။ ဖော်ပြပါပုံမှာ ၁၉ ၄၂ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့ မော်လမြိုင် မြို့ထဲတစ်နေရာ၏ မြင်ကွင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်