အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာနိုင်ငံလုံးဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးသို့ မြန်မာအမျိုးသမီးများ အတွက် ကိုယ်စားလှယ် စေလွှတ်နိုင်ခဲ့စဥ်

event_note ခေတ်ကာလများပြပုံ

၁၉၃၁ - ၁၉၃၂

မြန်မာနိုင်ငံလုံးဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးသို့ မြန်မာအမျိုးသမီးများ အတွက် ကိုယ်စားလှယ် စေလွှတ်နိုင်ခဲ့စဥ်

room United Kingdom

Read in English

မစ္စမေအောင် (ဒေါ်မြစိန်) သည် ၁၉၃၁-၃၂ ခုနှစ်က လန်ဒန်မြို့တွင် ပြုလုပ်သော မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ပထမတွင် ဘုရင်ခံ ဆာချားလ်စ်အင်းနက်စ်သည် ဆွေးနွေးပွဲသို့တက်ရောက်ရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၀ ဦးကို ရွေးချယ်ရာ အမျိုးသားများသာ ပါဝင်ခဲ့သည်။ အမျိုးသမီးအသင်းအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများ၏ ဖိအားပေးခြင်း၊ ရန်ကုန်တွင် မြန်မာအမျိုးသမီးထု ဆန္ဒပြခြင်းတို့ကြောင့် မစ္စမေအောင်ကို ကိုယ်စားလှယ်အဖွဲ့တွင် ထည့်သွင်းရန် ဘုရင်ခံ သဘောတူလိုက်ရသည်။ 

ရန်ကုန်နှင့်အောက်စဖို့ဒ် ပညာတတ် ဒေါ်မြစိန်သည် ထိုစဉ်က အသက် ၂၇ နှစ်သာ ရှိသေးသည်။ သူမသည် အောင်မြင်ကျော်ကြားသော ရခိုင်အမျိုးသား ဝတ်လုံတော်ရရှေ့နေ၊ အမျိုးသားရေးပုဂ္ဂိုလ်ကြီး ဦးမေအောင်၏ သမီးဖြစ်သည်။ နောင်တွင် သူမသည် စာရေးဆရာ၊ ကျောင်းဆရာမ၊ ရုပ်သံထုတ်လွှင့်သူ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး နောက်ပိုင်းတွင် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ထင်ရှားခဲ့သည်။ 

ထိုအစည်းအဝေးတွင် သူမသည် ကျား၊မ မရွေး၊ လူမျိုးမရွေး သို့မဟုတ် ဘာသာမရွေး လူသားတိုင်း မဲပေးပိုင်ခွင့်နှင့် တန်းတူညီမျှအခွင့်အရေး ရရှိရေးအတွက် ထောက်ခံခဲ့သည်။ အောက်ပါလင့်ခ်တွင် သူမ ထိုဆွေးနွေးပွဲသို့ တက်ရောက်ရန် မည်သို့မည်ပုံ ဖိတ်ကြားခံရသည့်အကြောင်း ဖော်ပြထားသည်။ 

http://britishlibrary.typepad.co.uk/untoldlives/2015/08/miss-may-oung-at-the-burma-round-table-conference-1931.html 

ဖော်ပြပါပုံများမှာ (ပုံ ၁) မစ္စမေအောင်(ဒေါ်မြစိန်) (ပုံ ၂) မြန်မာနိုင်ငံလုံးဆိုင်ရာ မျက်နှာစုံညီအစည်းအဝေး၏ ပုံရိပ်တစ်ခု (ပုံ ၃) မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအမျိုးသမီးများ မျက်နှာစုံညီအစည်းအဝေးမှ အိန္ဒိယနိုင်ငံဆိုင်ရာ ဝန်ကြီးထံသို့ ပေးပို့သော ကြေးနန်းစာ တို့ဖြစ်ကြသည်။ ကြေးနန်းစာတွင် မစ္စမေအောင်သာ မပါဝင်ခဲ့ပါက မြန်မာအမျိုးသမီးတစ်ရပ်လုံးကို စော်ကားရာရောက် ပေလိမ့်မည်ဟု ရေးသားထားသည်။


ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်