အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပါဘလိုနေရူဒါ၏ မြန်မာပြည်အတွေ့အကြုံ
event_note ခေတ်ကာလများပြပုံ

1920s

ပါဘလိုနေရူဒါ၏ မြန်မာပြည်အတွေ့အကြုံ

room Chile

Read in English

မြန်မာတွင် လူအများစု မသိရှိကြသည်မှာ ပါဘလိုနေရူဒါ (Pablo Neruda) သည် ချီလီနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် (ချို့ချို့တဲ့တဲ့ စိတ်မချမ်းမသာစွာ) ရန်ကုန်မြို့၌ ၁၉၂၀ ပြည့်နှစ်များအတွင်း နေထိုင်ခဲ့ဖူးသည်ကို ဖြစ်သည်။ ထိုကာလများတွင် သူသည် မြန်မာ အမျိုးသမီးတစ်ဦး (အင်္ဂလိပ်အမည် ဂျိုစီဘလစ်စ် - Josie Bliss ဟုခေါ်သည်) နှင့် ရည်ငံခဲ့သည်။ ထိုအမျိုးသမီးသည် သူ့အား တစ်ဦးတည်းမောင်ပိုင်စီးထားလိုစိတ်ဖြင့် တမ်းတမ်းစွဲဖြစ်ကာ အနည်းငယ်စိတ်မနှံ့သကဲ့သို့ ဖြစ်လာသည့်ချိန်တွင် ပါဘလိုနေရူဒါသည် စီလုံုမြို့ (Ceylon) သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သို့သော် တစ်နေ့သ၌ ကိုလံဘိုမြို့ (Colombo) ရှိ သူ၏အိမ်ရှေ့ မြက်ခင်းပြင်ပေါ်တွင် ထိုအမျိုးသမီးသည် ဆန်တစ်အိတ်၊ ဓါတ်ပြားချပ်များနှင့်အတူ တဲထိုးစောင့်ဆိုင်းနေလေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအမျိုးသမီးနှင့် ပတ်သက်သည့် အဖြစ်အပျက်များသည် သူ့ဘဝတလျှောက်လုံုး ခြောက်လှန့်နေခဲ့တော့သည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉ ၆၂ - ၂ ၀၁၈) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်