အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်
event_note ခေတ်ကာလများပြပုံ

ဒီဇင်ဘာ ၁၉၅၄

ဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်

room China

Read in English

(၁၉၆၇ ခုနှစ်တွင် ဘေဂျင်းအစိုးရက ထောက်ခံအားပေးခဲ့သော ကွန်မြူနစ်တို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း အပါအဝင်) ခေတ်နှောင်းပိုင်း တရုတ်-မြန်မာဆက်ဆံရေးတွင် အတက်အကျ များစွာရှိခဲ့သည်မှာ မှန်သော်လည်း လွတ်လပ်ရေးခေတ်မှစတင်ကာ မြန်မာခေါင်းဆောင်ကြီးများ အားလုံးနီးပါးအရှေ့ဘက်အရပ်မှ အင်အားကြီးမားသော အိမ်နီးနားချင်းဆီသို့ အလည်အပတ် အခေါက်ပေါင်းများစွာ သွားခဲ့ဖူးကြသည်။
ဖော်ပြပါပုံမှာ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် ဦးနု တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိစဉ်က မော်စီတုန်းနှင့်တွဲ၍ ရိုက်ကူးထားသည့်ပုံ ဖြစ်သည်။ ဝန်ကြီးချုပ်၏ခရီးစဉ်တွင် ဦးသန့်၊ ဗိုလ်မှူး အောင်ကြည်၊ ဦးမြင့်သိန်း၊ ဦးဝင်းဖေတို့ လိုက်ပါခဲ့ကြသည်။ မော်ဥက္ကဌကြီးသည် အကြောင်းကိစ္စများကို ပွင့်ပွင့်လင်းလင်း ဒဲ့ထိုးပြောတတ်သည့် ဦးနုကို (“ကျွန်တော်တို့က အင်အားကြီးနိုင်ငံတွေကို ကြောက်ရပါတယ်” ဟု ပြောခဲ့ပုံ) အံ့အားသင့်ခဲ့ပါလိမ့်မည်။ ပုံထဲတွင်တော့ နှစ်ဦးသားသင့်မြတ်နေပုံကို တွေ့ရပါသည်။

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်