အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရစ်ချတ်နစ်က်ဆင်၏ မြန်မာပြည် ခရီးစဉ်များ
event_note ခေတ်ကာလများပြပုံ

၁၉၅၃ - ၁၉၈၅

ရစ်ချတ်နစ်က်ဆင်၏ မြန်မာပြည် ခရီးစဉ်များ

Read in English

၁၉၅၃ ခုနှစ်က အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ရစ်ချတ်နစ်က်ဆင် (Richard Nixon) သည် မြန်မာပြည်ကို အလည်အပတ် လာရောက်ခဲ့သည်။ ထိုစဉ်က ယူအက်စ်ရှိ သတင်းစာများ အားလုံးလိုလိုပင် ဒုတိယသမ္မတနစ်က်ဆင် ပဲခူးတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော လက်ဝဲဝါဒီများနှင့် အမေရိကန်ဆန့်ကျင်ဆန္ဒပြသူများ အကြောင်းကို ဖော်ပြခဲ့ကြသည်။ (ထိုနေ့သည် ကျေးဇူးတော် ချီးမွမ်းသည့်နေ့ဖြစ်ပြီး မြန်မာပြည်မှ တာဝန်ရှိသူများက ကြက်ဆင်သား ပါဝင်သည့်နေ့လည်စာကို အလျင်အမြန် စီစဉ်ပေးခဲ့ကြသည်။) နစ်က်ဆင် ရွှေတိဂုံဘုရားသို့သွားရောက်လည်ပတ်ခဲ့ကြောင်းကိုမူ သတင်းစာအနည်းငယ်ကသာ ဖော်ပြခဲ့ကြသည်။ ရစ်ချတ်နှင့် ပတ်နစ်က်ဆင် (Pat Nixon) တို့က ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် ဤသို့ရေးသားခဲ့ကြသည်။ "ရွှေတိဂုံစေတီတော်အကြောင်းကို နှစ်ပေါင်းများစွာကတည်းက ကျွန်တော်တို့ကြားဖူးကြပါသည်။ ဓာတ်ပုံများထဲတွင်လည်း မြင်ဖူးကြပါသည်။ သို့ရာတွင် မျက်မြင် ရောက်ရှိရသောအခါ စိတ်ကူးထဲတွင် ကြိုတင် မျှော်လင့်ထားသည်ထက် များစွာ သာလွန်ကြီးကျယ်ကြောင်း သိခဲ့ရပါသည်။ ဗမာလူမျိုးများသည် လူသားတို့အားဖြင့် တည်ဆောက်ခဲ့သော အကြီးကျယ်ဆုံး ယဉ်ကျေးမှု အဆောက်အဦးများစွာထဲမှာ တစ်ခုအဖြစ် ရွှေတိဂုံဘုရားကို ကမ္ဘာသားတို့အားပြသလျက်ရှိပါသည်။" ပုံမှာ ဒုတိယသမ္မတနှင့် ဇနီးသည် မစ္စနစ်က်ဆင်တို့ အလည်အပတ် လာရောက်စဉ်က လိုက်လံပြသပေးသော (ထိုစဉ်က ဝန်ကြီးချုပ်၏ အတွင်းရေးမှူး ဖြစ်သူ)  ဦးသန့် နှင့် ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်၏ မိခင်) တို့နှင့်အတူ ရိုက်ကူးထားသော ပုံ ဖြစ်သည်။

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်