အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဆန်ရှင်ဒွေ့လူမျိုးစု

11BC - 12BC

ဆန်ရှင်ဒွေ့လူမျိုးစု

room China

တရုတ်ပြည်မထဲမှ တရုတ်စစ်စစ် မဟုတ်ကြသော “ပျောက်ဆုံးသွားသောလူမှုအဖွဲ့အစည်း” ဖြစ်သည့် ဆန်ရှင်ဒွေ့ ဒေသခံလူမျိုးစု (ယနေ့ခေတ်စီချွမ်ပြည်နယ်) အကြောင်းကို ၁၉၈၀ ခုနှစ် ၁၉၉၀ ခုနှစ်များတွင်ပြန်လည်တွေ့ရှိပြီ ဖြစ်သည်။ ဆန်ရှင်ဒွေ့ဒေသခံ လူမျိုးများသည် ကြေးခေတ်က လူ့အဖွဲ့အစည်းဖြစ်ပြီး ယင်းတို့၏ ကြေးပစ္စည်းလက်ရာများကိုတွက်ချက်ရာတွင် ဘီစီ၁၁ရာစု ၁၂ ရာစု ခန့်ဟုခန့်မှန်းရသဖြင့်သက်တမ်းအားဖြင့် နှစ်ပေါင်း (၃၂၀၀) ရှိပြီဖြစ်သည်။ ကျွန်တော်နောက်ဆုံးရေးခဲ့သော စာအုပ်ထဲတွင် ဖော်ပြပြီးခဲ့သည့်အတိုင်းယနေ့ခေတ်မြန်မာလူမျိုးများ၏ ရှေးဘိုးဘီဘင်များသည် ထိုဒဏ္ဍာရီဆန်သော လူမျိုးစုနှင့် တနည်းတဖုံ ပက်သတ်ဆက်နွယ်နေလိမ့်မည်ဟု ကောက်ချက်ချနိုင်ပါသည်။ယခုဓာတ်ပုံထဲရှိ ကြေးဦးခေါင်းမှာ ကြေး၊ ကျောက်စိမ်း နှင့် ဆင်စွယ်များဖြင့်ပြုလုပ်ထားသော လက်ရာမြောက်ဦးခေါင်းရုပ် (၁၀၀) ထဲမှ တစ်ရုပ်ဖြစ်ပြီး ဆန်ရှင်ဒွေ့ဒသတွင်တူးဖော်တွေ့ရှိခြင်းဖြစ်သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်