အမေ့ခံအတိတ်
အမေ့ခံအတိတ်
နု-အက်တလီစာချုပ် လက်မှတ်ရေးထိုးသည့်နေ့
event_note ခေတ်ကာလများပြပုံ

၁ အောက်တိုဘာ ၁၉၄၇

နု-အက်တလီစာချုပ် လက်မှတ်ရေးထိုးသည့်နေ့

room United Kingdom

people ဦးနု Clement Attlee Bo Let Ya U Tin Tut Ernest Bevin Stafford Cripps

Read in English

အောက်တိုဘာ ၁ ရက်နေ့သည် ယူကေနိုင်ငံ အစိုးရနှင့် ပြည်ထောင်စုဗမာနိုင်ငံ ယာယီအစိုးရတို့အကြား ဗမာပြည်လွတ်လပ်ရေးအတွက် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့သောနေ့ နှစ်ပတ်လည်ဖြစ်ပါသည်။ ယင်းစာချုပ်မှာ နု-အက်တလီ စာချုပ်ဖြစ်၏။ ဦးနု(ယာယီအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်)၊ ဦးတင်ထွဋ် (ဘဏ္ဍာရေးဝန်ကြီး)နှင့် အခြားသူများ ခေါင်းဆောင်ကာ လအတော်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရရှိလာသော သဘောတူစာချုပ်ဖြစ်သည်။ ဦးနုနှင့် ယူကေဝန်ကြီးချုပ် ကလီမန့်အက်တလီတို့က လက်မှတ်ရေးထိုးခဲ့ပြီး သက်သေများအဖြစ် ဗိုလ်လက်ျာ (ကာကွယ်ရေးဝန်ကြီး)၊ ဦးတင်ထွဋ်၊ ယူကေနိုင်ငံခြားရေးဝန်ကြီး အာနက်စ်ဘီဗင်၊ ယူကေစီးပွားရေးဝန်ကြီး စတက်ဖို့ဒ် ကရစ္စနှင့် အခြား အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆောင်ရွက်ခဲ့ကြသည်။ ဦးအောင်ဆန်း၊ သခင်မြနှင့် အခြားသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ မနေ့တစ်နေ့က ဖြစ်သည့်တိုင် နိုင်ငံအတွက် အလားအလာကောင်းသော ကာလဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ပြည်တွင်းစစ်မှာ လက်တစ်ကမ်းအလို ရောက်နေခဲ့လေပြီဖြစ်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်