အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၄ ခုနှစ် သမိုင်းဝင် မြစ်ကြီးနားတိုက်ပွဲ
event_note ခေတ်ကာလများပြပုံ

၃ သြဂုတ် ၁၉၄၄

၁၉၄၄ ခုနှစ် သမိုင်းဝင် မြစ်ကြီးနားတိုက်ပွဲ

Read in English

၁၉ ၄၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့။ ကတုတ်ကျင်းများကို အကာအကွယ်ယူကာ ခုခံနေသော ဂျပန်တပ်သားများနှင့် အပြင်းအထန် တိုက်ပွဲဝင်ပြီး ၇၈ ရက်အကြာတွင် Merill’s Marauders အမည်ရှိ တပ်ဖွဲ့ အပါအဝင် အမေရိကန်၊ တရုတ်၊ ကချင်တပ်များသည် မြစ်ကြီးနားမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုရာဇဝင်တွင်သော ဝန်းရံတိုက်ခိုက်မှုတွင် စုစုပေါင်း လူ တစ်သောင်းနီးပါး ဒဏ်ရာရ သို့မဟုတ် သေကြေခဲ့သည်။ ဤသည်မှာ လွန်ခဲ့သော ၆၉ ခုနှစ်က မြစ်ကြီးနားကျွန်းသစ်ဆိုင် အပျက်အစီးများနံဘေးရှိ တပ်ကြပ်ကြီး ဂျွန်ဘူဆိတ်စ်၏ ဓာတ်ပုံဖြစ်သည်။ ဘတ်စကတ်ကစားသမားဟောင်းတစ်ယောက်ဖြစ်သော ယင်းအား တရုတ် X စစ်တပ်က လက်ပစ်ဗုံးများ မကြာခဏ အပစ်ခိုင်းလေ့ရှိသည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်