အမေ့ခံအတိတ်
အမေ့ခံအတိတ်

1950s

၁၉ ၅၀ ပြည့်နှစ် မြန်မာပြည်အကြောင်း မှတ်တမ်းဗီဒီယို

နာမည်ကျော် ရုပ်သံဂျာနယ်လစ် အက်ဒဝါ့အာမဲရိုး (Edward R. Murrow) ရိုက်ကူးထားသည့် ၁၉ ၅၀ ပြည့်နှစ် မြန်မာပြည်အကြောင်း မှတ်တမ်းဗီဒီယိုမှာ စိတ်ဝင်စားစရာ အလွန်ကောင်းလှပေသည်။ ဦးဖေခင်၊ ဒေါက်တာကျော်သက်၊ ဦးနု၊ ဦးဘဦး၊ ဒေါ်မြသိန်း၊ စတာလင် စီးဂရေ့ဘ်၊ အက်ဒဝါ့ လောရုံ စသူများနှင့် တွေ့ဆုံမေးမြန်းခန်း ပုံရိပ်များ ပါဝင်ရာ လူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်သော မှတ်တမ်းဗီဒီယိုတစ်ခု ဖြစ်သည်။ ၂မိနစ် ၄၄ စက္ကန့်တွင် ဦးဖေခင် (ထိုစဉ်က ကုလသမဂ္ဂအဖွဲ့ချုပ်တွင် မြန်မာနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်) က လူသိများသော သူ၏ ဆိုဗီယက်အပေါ် ဝေဖန်ချက်ကို ပြောပြထားသည်။ ဦးဖေခင်က ဟန်ဂေရီအရေးအခင်းကို ဆိုဗီယက်ပြည်ထောင်စု၏ နှိမ်နင်းချေမှုန်းပုံကို ပြစ်တင်ရှုတ်ချကြောင်း၊ မော်စကိုကို ဝေဖန်သည့်အတွက် မြန်မာပြည်မှာ နစ်နာဖို့သာ ရှိကြောင်း၊ သို့သော် “မိမိဂုဏ်သိက္ခာကို ထိန်းဖို့ရာအတွက် ဒီလိုဝေဖန်ရတာပဲ။ မြန်မာပြည်က ပြည်သူသန်း ၂၀ဟာ ဟန်ဂေရီမှာ ရုပ်ပျက်ဆင်းပျက်ဖြစ် အထိနာခဲ့တဲ့လူတွေကို ကြည့်ပြီး ‘သူတို့လိုမျိုး ကံကြမ္မာဆိုးနဲ့ မကြုံတွေ့ပါရစေနဲ့ ဘုရား’ လို့ဆိုတောင်းနေမှာပဲ။”ဟု ပြောဆိုထားသည်။ လင့်ခ်အတွက် မခိုင်ဇာခြည်လွင်ကို ကျေးဇူးတင်ပါသည်။ https://www.youtube.com/watch?v=932bQNSPmS8

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်