အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်သားများ၏ ဘိုးစဉ်ဘောင်ဆက်များလေလား

1980s

မြန်မာပြည်သားများ၏ ဘိုးစဉ်ဘောင်ဆက်များလေလား

Read in English

လျှို့ဝှက်ဆန်းကြယ်သော Sanxingdui ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအကြာင်းကို ၁၉၈၀ ပြည့်နှစ်များက ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ မှတ်တမ်းမှတ်ရာ ရှာမတွေ့သေးသောကြောင့် ထိုလူမျိုးများ အကြောင်း ကောင်းစွာ မသိရှိကြသေးပေ။ Sanxingdui တည်ရှိရာနှင့် အနီးတဝိုက် ဒေသများသည် တိဗက်တိုဘားမန်း ဘာသာစကားပြော လူမျိုးစုများ အရင်းတည်ရာဒေသများ ဖြစ်ဖွယ်ရာ ရှိသည်။ (မြန်မာ၊ ဂျင်းဖော၊ နာဂ၊ ဇိုမီ စသည့် ဘာသာစကားများ၏ တိဗက်တိုဘားမန်း မိခင်ဘာသာမှ ဆင်းသက်လာကြသည်။) ထိုဒေသသည် ဘီစီ ၂ ထောင်စုနှစ် ကြေးခေတ်ယဉ်ကျေးမှု ထွန်းကားရာ ဖြစ်ပြီး တရုတ်ပြည် ရှန်မင်းဆက် (Shang Dynasty)၊ အီဂျစ်ပြည်ထောင်သစ်၊ ရှေးခေတ် ဘေဘီလုံ (Babylon) တို့နှင့် ခေတ်ပြိုင် ဖြစ်သည်။ Sanxingdui သည် ယနေ့ခေတ် စီချွမ်ပြည်နယ် (တရုတ်ပြည် အနောက်ပိုင်းဒေသ)တွင် တည်ရှိသော်လည်း Sanxingdui ၏ လူ့ယဉ်ကျေးမှု ထွန်းကာပုံံသည် အရှေ့မြောက်ဘက်မှ ကီလိုမီတာ တစ်ထောင်ခန့် ရှိသည့် တရုတ်ပြည်မကို ဖြစ်ပေါ်လာစေသော မြစ်ဝါဒေသ လူ့အဖွဲ့အစည်း တိုးတက်လာပုံနှင့် လုံးဝကွဲပြားသည်။ ထိုယဉ်ကျေးမှုနှင့် ပတ်သက်၍ သိရသမျှထဲမှ တစ်ချက်မှာ ဘီယာချက်ခြင်းနှင့် သောက်သုံးခြင်းသည် Sanxingdui ၏ အဓိကကျသော ယဉ်ကျေးမှုဓလေ့ ဖြစ်ကြောင်းပင် ဖြစ်သည်။

သမိုင်းမတွင်မီ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်