အမေ့ခံအတိတ်
အမေ့ခံအတိတ်
မန္တလေးစစ်ပွဲနှင့် မိတ္ထီလာစစ်ပွဲ
event_note ခေတ်ကာလများပြပုံ

၂၀ မတ် ၁၉၄၅

မန္တလေးစစ်ပွဲနှင့် မိတ္ထီလာစစ်ပွဲ

၁၉၄၅ ခုနှစ် မတ်လ ၂၀ ရက်တွင် ဗိုလ်ချုပ်ကြီး ဆာမွန်တေဂူစတော့ဖို့ (Sir Montagu Stopford) ဦးစီးသော အမှတ် ၁၄ ဗြိတိသျှခြေမြန်တပ်မ၏ တပ်စုအမှတ် ၃၃သည် မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီး ရှိဟာချီကာတာမူရာ (Shihachi Katamura) ဦးစီးသော အမှတ် ၁၅ ဂျပန်တပ်မတော်သည် မန္တလေးမြို့တွင် တပ်စွဲထားပြီး လူအင်အား၊ လက်နက်အင်အား မမျှသော်လည်း ရွပ်ရွပ်ချွံချွံ ခုခံခဲ့ကြသည်။ ထိုလအစောပိုင်းက မိတ္ထီလာမြို့သည်လည်း အမှတ် ၂၅၄၊ ၂၅၅ အိန္ဒိယသံချပ်ကာတပ်များ (မြန်မာ့သမိုင်းတွင် အကြီးမားဆုံးသော သံချပ်ကာတိုက်ပွဲ) ၏ အင်အားကြီးထိုးစစ်ကြောင့် ကျသွားခဲ့ပြီး ဖြစ်သည်။ ဖော်ပြပါပုံသည် မန္တလေးတောင် တိုက်ပွဲ ဖြစ်ပွားစဉ် အမှတ် ၁၁ ဆစ်ခ်တပ်ရင်းမှ တပ်သားများပုံ ဖြစ်သည်။ မန္တလေးတောင်ကို ဗြိတိသျှလူမျို၊ ဂေါ်ရခါးလူမျိုး၊ ဆစ်ခ်လူမျိုး၊ ပန်ချာပီလူမျိုးတို့ ပါဝင်သော တပ်စုများက သိမ်းပိုက်နိုင်ခဲ့သည်။ (အင်ဖာနှင့် ကိုဟီမာစစ်ပွဲများ ပြီးနောက်) မိတ္ထီလာစစ်ပွဲနှင့် မန္တလေးစစ်ပွဲတို့သည် ဒုတိယကမ္ဘာစစ်ကြီး၏ အဓိကကျသော စစ်ပွဲများ ဖြစ်သည်။ တစ်ချိန်က မဟာမိတ်တပ်များ၏ ခေါင်းဆောင်များက မအောင်မြင်နိုင်ဟု ထင်မြင်ထားခဲ့သော မြန်မာပြည် ပြန်သိမ်းမည့် စစ်ဆင်ရေးကြီးသည် နောက်ထပ် ရက်သတ္တပတ် ခြောက်ပတ်အတွင်း ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြီးမြောက်ခဲ့လေသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်