အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ ထင်ရှားသောအရပ်ဘက်ဝန်ထမ်း ဦးညွန့်၏ မွေးနေ့
event_note ခေတ်ကာလများပြပုံ

၂၀ ဇန်နဝါရီ ၁၉၁၀

မြန်မာပြည်၏ ထင်ရှားသောအရပ်ဘက်ဝန်ထမ်း ဦးညွန့်၏ မွေးနေ့

Read in English

မြန်မာပြည်၏ ထင်ရှားသော အရပ်ဘက်ဝန်ထမ်းများစွာထဲမှ တစ်ဦးဖြစ်သူ ဦးညွန့်ကို ၁၉၁၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ အောက်စ်ဖို့ဒ် တက္ကသိုလ် နှင့် လန်ဒန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ဦးညွန်သည် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လွတ်လပ်သော မြန်မာပြည်အစိုးရတွင် အကြီးတန်းအရပ်ဘက်ဝန်ထမ်းတဦး အဖြစ် တာဝန်ထမ်းခဲ့သည်မှာ ကုလသမဂ္ဂသို့ ၁၉၅၃ ခုနှစ်တွင် သွားရောက် တာဝန်မထမ်းဆောင်ရခင် အထိပင်ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း ဦးညွန့်သည် ကုလသမဂ္ဂ ၏ အာရှနှင့် အရှေ့ဘက်ဒေသများဆိုင်ရာ စီးပွားရေးကော်မရှင် ECAFE (ယခုအခါ ESCAP) တွင် အထွေထွေ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်ကာ ကုလအထွေထွေအတွင်းရေးမှူးများ ဖြစ်သော ဒဂ် ဟမ်းမားရှိုးလ်နှင့် ဦးသန့်တို့၏ တိုက်ရိုက် စီမံခန့်ခွဲမှုအောက်တွင် အလုပ်လုပ်ခဲ့ရသည်။ ဦးညွန့်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း က အတွေ့အကြုံရင့်ကျက်ပြီး ပညာပြည့်ဝသူ အိန္ဒိယပဋိညာဉ်ခံ ဗြိတိသျှ ပဋိညာဉ်ခံ အရာရှိများစွာအနက် တစ်ဦးဖြစ်သည်။ (ဦးကာစီ၊ ဂျိမ်းမ်စ် ဘယ်ရင်တန်၊ ဦးချမ်းသာ၊ ဦးကျော်မင်း၊ ဦးကျော်ခိုင်၊ ဦးဘလဝမ်ဆင်း၊ ဦးရွှေမြ၊ ဦးဝင်းဖေ၊ ဦးကြင်၊ ဦးလှကြိုင် စသည်ဖြင့်)။ ၁၉၅၀ ခုနှစ်များဆီတွင် ဗမာ့နိုင်ငံရေးလောကမှာ ရှုပ်ထွေးပွေလီလျက်ရှိပြီး အကြမ်းဖက်မှုများလည်း ရံခါဆိုသလို ပေါ်ပေါက်ခဲ့သည်။ တိုင်းပြည်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ရန် ထိုသို့သော ထက်မြက်သည့် အရာရှိများ၏ အားထုတ်ကြိုးပမ်းမှုမှာ အရေးကြီးသော အခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်ခဲ့ပေသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်