အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဆက်စပ်နေသူနှစ်ဦး၏ မွေးနေ့
event_note ခေတ်ကာလများပြပုံ

၂၅ ဇွန် ၁၉၀၀ - ၂၅ ဇွန် ၁၉၀၃

မြန်မာပြည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဆက်စပ်နေသူနှစ်ဦး၏ မွေးနေ့

Read in English

ဇွန်လ ၂၅ ရက်နေ့သည် မြန်မာပြည်၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဆက်စပ်နေသည့် နာမည်ကျော်နှစ်ဦး၏ မွေးနေ့ ဖြစ်သည်။ လော့ဒ်မောင့်ဘက်တန် (Lord Mountbatten) ကို ၁၉၀၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဖွားမြင်ပြီး သူသည် အိန္ဒိယနိုင်ငံ၏ နောက်ဆုံးဘုရင်ခံချုပ် ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှ မဟာမိတ်တပ်များ၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘီအိုင်အေတပ်မတော်ကို ကူညီထောက်ပံ့ရန် သဘောတူညီခဲ့သူလည်း ဖြစ်သည်။
 ဂျော့အိုဝယ်လ် (George Orwell) ကို ၁၉၀၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၂၀ ပြည့်နှစ်များအတွင်း မြန်မာပြည်၌ ပုလိပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အလုပ်မှ နုတ်ထွက်သွားခဲ့ပြီး ၂၀ ရာစု၏ အထူးချွန်ဆုံးသော စာရေးဆရာ တစ်ဦး၊ နယ်ချဲ့စနစ် ဝေဖန်ရေးသမား တစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ မိခင်မှာ ၁၈၀၀ ပြည့်နှစ် အစောပိုင်းကာလများထဲက မော်လမြိုင်တွင် အခြေချခဲ့သော ပြင်သစ်မိသားစုတစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူသည် မြောင်းမြ၊ သန်လျင်၊ အင်းစိန်နှင့် ကသာတို့တွင် တာဝန်ကျခဲ့ဖူးသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်