အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဒုတိယကမ္ဘာစစ်ကြောင့် မြန်မာနိုင်ငံတွင် ပျက်စီးခဲ့ရခြင်းများ
event_note ခေတ်ကာလများပြပုံ

၂၇ ဧပြီ ၁၉၄၂

ဒုတိယကမ္ဘာစစ်ကြောင့် မြန်မာနိုင်ငံတွင် ပျက်စီးခဲ့ရခြင်းများ

၁၉၄၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် လားရှိုးမြို့ အဖျက်ဆီးခံရသည်။ အတိတ်ကာလက အကြောင်းအရာများကို လွမ်းတမြေ့မြေ့ ဖြစ်နေရန် မလိုတော့သော်လည်း ကမ္ဘာတစ်ဝှမ်းရှိ အင်အားကြီးနိုင်ငံများနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး တိုးမြှင့်လာနေသော အချိန်တွင် ၁၉၄၀ ပြည့်နှစ်များက တိုင်းပြည်ကို စစ်တလင်း ဖြစ်စေခဲ့သော အင်အားကြီးနိုင်ငံများ အကြောင်းကိုတော့ အမှတ်ရသင့်ပေသည်။ အမေရိကန်၊ အင်္ဂလိပ်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် အခြားစစ်သားဦးရေပေါင်း ငါးသိန်းကျော်မျှ မြန်မာပြည်တွင် တိုက်ပွဲဝင်ခဲ့ကြပြီး မြို့ကြီးမြို့ငယ်တစ်ခုမကျန်၊ သင်္ဘောဆိပ်ကမ်း၊ လေဆိပ်၊ ဘူတာရုံ၊ ရေနံတွင်းများနှင့် စက်ရုံ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်သား နှစ်သိန်းကျော် သေဆုံးခဲ့ပြီး ပြည်သူများစွာလည်း အသက်ဆုံးရှုံးခဲ့ရသည်။ စစ်ကြီးပြီးသောအခါ တိုင်းပြည်၏ စီးပွားရေး များစွာ ယိုယွင်းနေခဲ့ပြီး လက်နက်များလည်း ပေါများစွာ ရှိနေခဲ့ခြင်းကြောင့် ပြည်တွင်းစစ်များဆီသို့ ဦးတည်သွားခဲ့လေသည်။ ဒုတိယကမ္ဘာစစ်တွင်းကာလ မြန်မာပြည်အကြောင်း ဆွေးနွေးကြရာတွင် တရုတ်တို့ ပါဝင်ခဲ့ခြင်းကို မေ့လျော့နေတတ်ကြသည်။ ၁၉၄၂ ခုနှစ် ဧပြီလက ဗြိတိသျှတပ်တို့ ဆုတ်ခွာသွားစဉ်တွင် ဂျပန်ဝင်ရောက်လာခြင်းကို တားဆီးရန် (အမှတ် ၅၊ ၆ နှင့် ၆၆ တပ်မတော်တို့ ပါဝင်သော မြန်မာပြည်ကျူးကျော်တပ်ပေါင်းစုဖြစ်သည့်) တရုတ်တပ်များသည် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်၏ အမိန့်အရ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ မဟာမိတ်တပ်များ လားရှိုးကို ပြန်လည် မသိမ်းပိုက်မီ သုံးနှစ်ခန့်က ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်