အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အဆုံးသတ်
event_note ခေတ်ကာလများပြပုံ

၂၀ ဒီဇင်ဘာ ၁၈၅၃

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အဆုံးသတ်

၁၈၅၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ဗဏီသည် မြန်မာဘုရင်၏ တပ်များကို ချေမှုန်းကာ ရန်ကုန်နှင့် အောက်မြန်မာပြည်ကို အိန္ဒိယအင်ပါယာထဲသို့ သွတ်သွင်းနိုင်ခဲ့သည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ရခြင်းအတွက် နှစ်ဖက်စလုံးတွင် အပြစ်ဆိုဖွယ်ရာ ရှိသော်လည်း ဒုတိယစစ်ပွဲမှာမူ ဗြိတိသျှဘက်မှ နယ်ချဲ့ကျူးကျော်လာခြင်း သက်သက်သာဖြစ်ပေသည်။ ထိုစစ်ပွဲသည် ဂါနက်ဝိုလ်စ်လေ (Garnet Wolseley - နောင်တွင် ထိပ်တန်းအရာရှိ ဗိုင်းကောင့် ဝိုလ်စ်လေဖြစ်လာသူ)၏ ပထမဆုံးစစ်ပွဲ ဖြစ်သည်။ နောင်အခါ သူသည် အိန္ဒိယအစ ကနေဒါ၊ အာဖရိက၊ အီဂျစ်အထိ တိုက်ပွဲများစွာတွင် လက်စွမ်းပြနိုင်ခဲ့သည်။ ဖော်ပြပါပုံမှာ သတိုးမဟာဗန္ဓုလ၏ သားဖြစ်သူ၊ မြန်မာတပ်များကို ဦးစီးသော ဒီပဲယင်းမြို့စား (မောင်ကြီး)၏ ရေဆေးပုံတူ ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်