အမေ့ခံအတိတ်
အမေ့ခံအတိတ်
လန်ဒန်သို့ ပထမဦးဆုံး ရောက်ရှိခဲ့သော မြန်မာသံအဖွဲ့
event_note ခေတ်ကာလများပြပုံ

အောက်တိုဘာ ၁၈၇၂

လန်ဒန်သို့ ပထမဦးဆုံး ရောက်ရှိခဲ့သော မြန်မာသံအဖွဲ့

room United Kingdom

၁၈၇၂ ခုနှစ် အောက်တိုဘာလတွင် ကင်းဝန်မင်းကြီး ခေါင်းဆောင်သော မြန်မာသံအဖွဲ့သည် လန်ဒန်သို့ပထမဆုံးအကြိမ် သံခင်းတမံခင်း အဖြစ် ခရီးဆိုက်ခဲ့ကြသည်။ လန်ဒန်တွင် လေးလကြာမျှ နေထိုင်ခဲ့ကြပြီး ဗြိတိသျှ လုပ်ငန်းရှင်များကို ဗမာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ကြရန် တိုက်တွန်းခဲ့ကြသည်။ တိုင်းပြည်အတွင်း လှည့်လည်လေ့လာပြီး ဝိတိုရိယဘုရင်မကြီးနှင့်လည်း တွေ့ဆုံခဲ့ကြသည်။ ထိုမှ တဆင့် ဗြိတိသျှ နှင့် ဗမာပြည်အကြား ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုပြီး မိတ်ဆွေဖွဲ့ရန်မျှော်လင့်ခဲ့ကြသည်။ ဗြိတိသျှတို့က ဗမာသံအဖွဲ့ကို အကောင်းဆုံး ဧည့်ဝတ်ကျေခဲ့ကြသော်လည်း စာချုပ်တစုံတရာ ချုပ်ဆိုဖို့ကိုမူ ငြင်းဆန်ခဲ့ကြသည်။ သမိုင်းသည် မြန်မာမင်းဆက်၏ နေဝင်ချိန်ကို ပြင်ဆင်နေပြီ ဖြစ်သည်။ ဤပုံသည် အမှတ် (၃၄) ပါလီမန်လမ်းရှိ ဂျွန်ဝတ်ကင်း (John Watkin) ဓာတ်ပုံစတူဒီယိုတွင် ရိုက်ကူးခဲ့သော ကင်းဝန်မင်းကြီး၏ ပုံဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ - ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်