မြန်မာနှင့် အမေရိကန်ခေါင်းဆောင်များ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း
event_note ခေတ်ကာလများပြပုံ

၃ ဇူလိုင် ၁၉၅၆

မြန်မာနှင့် အမေရိကန်ခေါင်းဆောင်များ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း

room United States

people ဦးနု U Thant John Foster Dulles President Dwight Eisenhower

Read in English


၁၉၅၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုသည် သမ္မတဒွိုက်အိုင်စင်ဟောင်ဝါ (Dwight Eisenhower) နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။ အမေရိကန်သို့ ဦးနု နှစ်ပတ်ကြာ အလည်အပတ်သွားစဉ် ရောက်လျှင်ရောက်ချင်း ကျင်းပသည့် အစည်းအဝေးဖြစ်သည်။။ ဦးနုနှင့် သမ္မတ အိုင်စင်ဟောင်ဝါတို့က မိမိတို့ နိုင်ငံနှစ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီကျကျ နေထိုင်နိုင်ရန် တူညီသော အခြေခံ ရည်မှန်းချက် ရှိကြပြီး ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကိုလည်း အတူတကွ ထောက်ခံပါကြောင်း ပြောကြားခဲ့သည်။ ထိုစဉ်က ရှမ်းပြည် အရှေ့ပိုင်းရှိ ကူမင်တန်တပ်များကို အမေရိကန်တို့က အထောက်အပံ့ ပေးမှုကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာနေသည်။ ဓာတ်ပုံထဲတွင် ဦးနုသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်တွင် ကျဆုံးခဲ့သော အမေရိကန် အမျိုးသား၊ အမျိုးသမီးတို့၏ ကျန်ရစ်သော ကလေးငယ်များ အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ ကို သမ္မတ အိုင်စင်ဟောင်ဝါအား ပေးအပ်နေခြင်း ဖြစ်သည်။ ဦးသန့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖောစတာဒဲလက်စ် (John Foster Dulles) တို့ကိုလည်း ပုံထဲတွင် မြင်နိုင်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်