အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗိုလ်မင်းစက်ဝိုင်း ရာဇာ၏ သမိုင်းကြောင်း
event_note ခေတ်ကာလများပြပုံ

၁၅၉၉

ဗိုလ်မင်းစက်ဝိုင်း ရာဇာ၏ သမိုင်းကြောင်း

သမိုင်းအကြောင်း အားလျော်စွာ ဘုရင့်နောင်မင်းတရားမှ တိုက်ရိုက်ဆင်းသက်သော မျိုးဆက်တခုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် ရုံးစိုက်ခွင့် အမွေကို ရရှိထားသည်။ ရခိုင်ဘုရင်က ၁၅၉၉ ခုနှစ်တွင် (ပဲခူးကို တိုက်ခိုက်အောင်နိုင်ပြီးနောက်) နန္ဒဘုရင်၏သား (နန္ဒဘုရင်သည် ဘုရင့်နောင်၏ သားဖြစ်သည်) တစ်ဦးကို စစ်တကောင်း နယ်တစ်ဝိုက်ကို အုပ်ချုပ်ခွင့် ပေးခဲ့သည်။ ထိုသူ၏အမည်မှာ မောင်စောဖြူ ဖြစ်ပြီး ၁၆၃၁ ခုနှစ်ထိ စစ်တကောင်းကို အုပ်ချုပ်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုဒေသကို မျိုးရိုးစဉ်ဆက် အုပ်ချုပ်လာခဲ့ရာ ယခုအခါ ဗိုလ်မင်းစက်ဝိုင်း (Bohmong Circle) ဟုသိကြပြီး စစ်တကောင်း တောင်ကြားဒေသ တဝိုက်မှ အာရကန်၊ ဗမာနှင့် မွန် အဆက်အနွယ်များ နေထိုင်ကြသည်။ ယခုအခါ ဘင်္ဂလာ;ဒေ့ရှ်နိုင်ငံပိုင်နက် ဖြစ်သည်။ ယခုဓာတ်ပုံသည် ဗိုလ်မင်းစက်ဝိုင်းရာဇာ ၁၅ ဆက်မြောက်ဖြစ်သူ ရာဇာအောင်ရွှေဖြူ ၏ လတ်တလော ရိုက်ထားသော ဓာတ်ပုံဖြစ်ပြီး သူသည် ဘုရင့်နောင်၏ ၁၆ ဆက်မြောက် မျိုးဆက်ဖြစ်သည်။

အလယ်ခေတ်နှင့် ခေတ်သစ်ဦးကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွှယ်မှုများ (၉၀၀မှ ၁၈၂၄ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်