အမေ့ခံအတိတ်
အမေ့ခံအတိတ်
 မြန်မာဘာသာနှင့် အလွန်နီးစပ်သော ဘာသာစကားတစ်မျိုးကို ပြောဆိုကြသော လီကျန်ဒေသ နာရှီလူမျိုး

မြန်မာဘာသာနှင့် အလွန်နီးစပ်သော ဘာသာစကားတစ်မျိုးကို ပြောဆိုကြသော လီကျန်ဒေသ နာရှီလူမျိုး

room China

Read in English

ရာစုနှစ်ပေါင်းများစွာ လီကျန်ဒေသ (Lijiang - ကချင်ပြည်နယ် အရှေ့ဘက်ရှိဒေသ)တွင် အုပ်ချုပ်မင်းမူခဲ့သည့် နာရှီလူမျိုး (Naxi) များသည် မြန်မာဘာသာ၊ ယိဘာသာ (Yi) တို့နှင့် အလွန်နီးစပ်သော ဘာသာစကားတစ်မျိုးကို ပြောဆိုကြသည်။ ထိုလူမျိုးတို့တွင် ဆန်းကြယ်လှသော စာရေးသားပုံ နည်းစနစ်လည်း ရှိ၏။ ပုံတွင် မြင်တွေ့ရသည့်အတိုင်း “မျက်လုံး”၊ “အစားအစာ”၊ နှင့် “တောင်ဆိတ် သို့ ဆိတ်” အတွက် စကားလုံးများမှာ မြန်မာဘာသာနှင့် အင်မတန် ဆင်တူပေသည်။ ထိုတိုင်းပြည်အပေါ် တရုတ်၏လွှမ်းမိုးမှု တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး နောက်ပိုင်း ၁၉၅၀ ပြည့်နှစ်များမှသာ တရုတ်ပြည်ထဲသို့ ပေါင်းစပ်ခံခဲ့ရသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်