အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်တွင်း ဒုတိယကမ္ဘာစစ် စတင်ဝင်ရောက်လာခဲ့စဉ်။
event_note ခေတ်ကာလများပြပုံ

၁၄ ဒီဇင်ဘာ ၁၉၄၁

မြန်မာပြည်တွင်း ဒုတိယကမ္ဘာစစ် စတင်ဝင်ရောက်လာခဲ့စဉ်။

room Japan

၁၉၄၁ ဒီဇင်ဘာ (၁၄)တွင်ဂျပန်တို့က တနင်္သာရီတိုင်းကို စ၍ ထိုးဖောက်ကျူးကျော်ခဲ့ကြသည်။ ဒီဇင်ဘာ ၂၃ တွင် ဂျပန် တိုက်ခိုက်ရေးလေယာဉ် (၂)သုတ်က မြို့တော်ရန်ကုန်ကို ဗုံးကြဲချခဲ့သည်။ အမြင့်ပေ တစ်သောင်း နှစ်ထောင်တွင် အမေရိကန်စစ်တပ်မှ ဗိုလ်မှူးကလယ်ချက်နက်လ်တ် (Claire Chennault) ဦးစီးသည့် ကျားပျံ တိုက်ခိုက်ရေးလေယာဉ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ သို့သော်ထိုအချိန်အတွင်းမှာပင် ရန်ကုန်ရှိ ဆိပ်ကမ်းနေရာတော်တော်များများကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သလို လူရာပေါင်းများစွာလဲဗုံးသင့်၍ သေကြေခဲ့ကြပြီ ဖြစ်သည်။ ယခုပုံသည် ဂျပန်တိုက်လေယာဉ်တစ်စီးပေါ်မှ ရိုက်ထားသည့် ရှားပါးဓာတ်ပုံတစ်ပုံဖြစ်သည်။ ပုံအလယ်နားတွင် အကျဉ်းထောင်ဟောင်းကို ပြတ်ပြတ်ထင်ထင် မြင်နိုင်သည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉ ၄၂ - ၁၉ ၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ကမ္ဘာ့ မြို့တော်အဖြစ် ရန်ကုန် (၁၈၅၃-၁၉ ၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်