အမေ့ခံအတိတ်
အမေ့ခံအတိတ်

ရှေးပဝေဏီက မြန်မာနှင့် ကမ္ဘာ (အေဒီ ၉၀၀ မတိုင်မီ)

ဗုဒ္ဓဖွားမြင်ရာ လုမ္ဗနီ

ရာစုနှစ်ပေါင်းများစွာကြာ ဤနေရာရှိမှန်း မသိရှိခဲ့ကြ။ ဗုဒ္ဓဖွားမြင်ရာနေရာကို အမှတ်အသားပြုသည့် အနေဖြင့် အသောကမင်းကြီးက ဘီစီ ၃ ရာစုတွင် စိုက်ထူခဲ့သော ဤကျောက်စာတိုင်ကို  ၁၈၉၆ ခုနှစ်တွင် ဂျာမန် ရှေးဟောင်းသုတေသန ပညာရှင်မှ ရှာဖွေတွေ့ရှိခဲ့သည်။ ဗြဟ္မီ (Brahmi) အက္ခရာကို သုံးကာ (ပါဠိနှင့်ဆင်တူသော) ပရာခ်ရစ် (Prakrit) ဘာသာစကားဖြင့် ရေးထိုးသော ကျောက်စာ ဖြစ်ပြီး  ပထမဦးဆုံးအကြိမ် အိန္ဒိယစာဖြင့် ရေးသားမှတ်တမ်းတင်ခြင်း ဖြစ်သည်။ ဗုဒ္ဓအကြောင်းပါသည့် အလွန်ရှေးကျသော ရေးသားဖော်ပြချက်များထဲတွင် အာသောကကျောက်စာလည်း အပါအဝင်ဖြစ်သည်။ (ယနေ့တိုင် ကျန်ရှိနေသေးသော ရှေးအကျဆုံး ဗုဒ္ဓဝင်ကျမ်းမှာ အေဒီ ၁ ရာစု ဂန္ဒာရ ကျောက်စာများ ဖြစ်ပြီး ထိုခေတ်မတိုင်ခင် ဗုဒ္ဓဘာသာ ရာဇဝင်အကြောင်း များစွာ မသိရှိကြပေ။) အသောကမင်းကြီးသည် ဗုဒ္ဓဖွားမြင်ခဲ့သည်ဟု ယူဆရသော နေရာအတိအကျကို ပတ်ပတ်လည် ဝန်းရံပြီး အုတ်ကျောင်းတစ်ခုကို ဆောက်လုပ်ခဲ့သည်။ ထိုအုတ်ကျောင်း၏ အပျက်အစီးများကို ယနေ့တိုင် တွေ့နိုင်ပါသေးသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့်က နီပေါနိုင်ငံ အစိုးရသည် အပြိုအပျက်များပေါ်တွင် ခေတ်သစ် အဆောက်အဦး (မာယာဒေဝီ ကျောင်းတော်) ကို ဆောက်လုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်က အသောကအုတ်ကျောင်း အောက်တွင် ရိုးရှင်းသော သစ်သား အဆောက်အအုံ အပိုင်းအစကို ရှာတွေ့ခဲ့သည်။ ရေဒီယိုကာဗွန်ဒြပ်ဖြင့် သက်တမ်းတိုင်းတာကြည့်လိုက်ရာ ဘီစီ ၆ ရာစုကဖြစ်ကြောင်း သိရှိရသည်။ ပထမဦးဆုံး တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ဗိမာန်တစ်ခုဟု ယူဆကြပြီး ဗုဒ္ဓသက်တမ်း လွန်ပြီး မကြာမီကာလက ဆောက်လုပ်ထားခြင်းဖြစ်သည်။ (မြန်မာ၊ ထိုင်း၊ နီပေါ၊ သီရိလင်္ကာ စသည့်နိုင်ငံများတွင် လက်ခံထားသည့် ဗုဒ္ဓဖွားမြင်တော်မူသည့် ရက်စွဲနှင့် လူ့လောကတွင် နေထိုင်ခဲ့သည့် သက်တမ်းကာလ နေ့ရက် အတိအကျမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပါ။) ဘီစီ ၆ ရာစု လုဗ္မိနီမှာ မဂ္ဂဓတိုင်းပြည် (ယနေ့ ဘီဟာပြည်) အစွန်ပိုင်းတွင် ရှိခဲ့သည်။ ဘီစီ ၆ ရာစုမှာ ကမ္ဘာ့သမိုင်း၏ ခေတ်ကောင်းခဲ့သည့် တစ်ချိန် ဖြစ်သည်။ တရုတ်တွင် ကွန်ဖြူးရှပ်စ်နှင့် (တာအိုဘာသာစတင်သူ) လောင်ဇူ (Lao Tzu) တို့ခေတ်၊ ထိုမျှသာမက အိန္ဒိယတွင် (ဂျိန်းဘာသာ စတင်သူ) မဟာဝီရ၊ ပါရှားတွင် (ဇိုရိုအက်စ်ထရီယန်ဘာသာ စတင်သူ) ဇာရာသူစထရာ (Zarathustra) တို့ခေတ်ဖြစ်သည်။ ပါရှားတွင် အာခိမိနစ်တို့နှင့် တရုတ်တွင် ကျိုး တို့က ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံးသော အင်ပါယာများကို တည်ထောင်ထားသည်။ အရှေ့ မြေထဲပင်လယ်အရပ်တွင် ဂရိအတွေးအခေါ်များ စတင်ထွန်းကား လာနေခဲ့သည်။ နိုင်ငံရေး၊ လူမှုရေး၊ အသိပညာ နယ်ပယ်တို့တွင် ကြီးစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည့် ခေတ်ဖြစ်ခဲ့ပေသည်။ လုမ္ဗီနီ၏ သမိုင်းကြောင်း အကျဥ်းကို အောက်တွင် ဖော်ပြထားပါသည်။ · ၆၂၃ ဘီစီ - ဂေါတမဗုဒ္ဓဘုရား ဖြစ်လာမည့် သိဒ္ဓတ္ထဂေါတမ မင်းသားအား လုမ္ဗိနီတွင် ဖွားမြင်တော်မူသည်။ · ၂၄၉ ဘီစီ - အသောကဘုရင် လုမ္ဗိနီသို့ လာရောက်ကာ ဗုဒ္ဓ၏ ဖွားမြင်တော်မူရာနေရာကို လာရောက်ဖူးမြော်ကြောင်း ပါဠိဘာသာဖြင့် အာသောက ကျောက်စာတိုင်ကို ရေးထိုးစိုက်ထူသည်။ · ၃၅၀-၃၇၅ အေဒီ - တရုတ်ပြည်မှ ရဟန်းတော် ဆွန်ဆိုင်သည် လုမ္ဗိနီသို့ ဝတ်ပြုခရီး ရောက်ရှိလာပြီး သူ၏ ခရီးစဉ် အကြောင်းကို မှတ်တမ်းတင်သည်။ · ၆၃၆ အေဒီ - တရုတ်ပညာရှင် ရွှမ်ကျန်းသည် လုမ္ဗိနီသို့ ရောက်ရှိသည်။ လုမ္ဗိနီ၌ လူသူကင်းမဲ့နေပြီး သားရဲတိရစ္ဆာန်များ များပြားသဖြင့် ခရီးသည်တို့ ရှောင်ရှားကြသည့် နေရာဟု ရေးသားဖော်ပြထားသည်။ · ၁၃၁၂ အေဒီ - ကတ်သ်မန်ဒူမြို့ နေရာတွင် တည်ခဲ့သော မလ္လာတိုင်းပြည်၏ ဘုရင် ရီပုမလ္လာသည် လုမ္ဗိနီသို့ အလည်အပတ်လာသည်။ နောင်နှစ် ၅၀၀ ကျော်အတွင်း လုမ္ဗိနီကို လာရောက်ခဲ့ကြောင်း အထောက်အထား ချန်ရစ်ခဲ့သည့် နောက်ဆုံးခရီးသည် ဖြစ်သည်။ ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ လုမ္ဗိနီသည် စွန့်ပစ်ခံနေရာတစ်ခု ဖြစ်လာသည်။ · ၁၈၉၆ ခုနှစ် - တန်ဆန်မြို့တော်ဝန် ဗိုလ်ချုပ် ခါဒ်ဂါရှမ်ဆာသည် ဂျာမန်လူမျိုး ရှေးဟောင်းသုတေသီ အန်တွန်ဖျူရာနှင့် အတူ ရှာဖွေလေ့လာရေး ခရီးတစ်ခု စီစဉ်သည်။ ထိုတွင် ဗုဒ္ဓဖွားမြင်တော်မူရာနေရာကို မှတ်တင်တင်ထားသည့် အသောကကျောက်စာတိုင်ကို ပြန်လည် ရှာတွေ့သည်။ · ၁၉၅၆ ခုနှစ် - မဟိန္ဒြာဘုရင်သည် လုမ္ဗိနီသို့ လာရောက်ကြည့်ရှုကာ လုမ္ဗိနီကို ပြန်လည် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ ညီလာခံတွင် တင်ပြခဲ့သည်။ · ဧပြီလ ၁၉၆၇ ခုနှစ် - ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်သည် လုမ္ဗနီသို့ လာရောက်ခဲ့ပြီး လုမ္ဗိနီကို ဘုရားဖူးများ လာရောက်နိုင်ရန်၊ အပြည်ပြည်ဆိုင်ရာ ခရီးသွားများ လာရောက်နိုင်ရန်နှင့် ခန္တီစတရားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ သင်္ကေတ အဖြစ် ဖန်တီးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုများ ရရှိနိုင်ရေးကို ဆောင်ရွက်ခဲ့သည်။ · ၁၉၇၈ ခုနှစ် - နီပေါအစိုးရ အဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့တို့က ကန်ဇိုတန်ဂျီ စီမံကိန်းကို အတည်ပြုသည်။ ပထမပုံမှာ ဗုဒ္ဓဘုရား ဖွားမြင်ရာ မာယာဒေဝီ ဘုရားကျောင်း ဖြစ်ပြီး ဒုတိယပုံမှာ (ဝဲဘက်မှစ)  အသောကကျောင်းအတွင်းရှိ ဒေါက်တာသန့်မြင့်ဦး၊ အသစ်ဆောက်ထားသော မာယာဒေဝီကျောင်းတော်ကို အပြင်ဘက်မှ တွေ့ရစဉ်၊...

အပြည့်အစုံ ဖတ်ရန်

ပျူ ကျောက်စာ

မြန်မာနိုင်ငံ၏ ပထမထောင်စုနှစ်မြို့တော် ၃ ခု ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများအဖြစ် မကြာသေးမီက စာရင်းသွင်းခြင်းခံရသည်။ ဤသည်မှာ တောင်အိန္ဒိယမှ ပလ္လ၀ (Pallava) ကျောက်စာ၏ မူကွဲတစ်မျိုးဖြစ်သော ပျူ ကျောက်စာ၏ နမူနာဖြစ်သည်။ ပထမထောင်စုနှစ် အလယ်ပိုင်းကာလအတွင်း တောင်အိန္ဒိယမှဗုဒ္ဓဘာသာသည် ဧရာဝတီမြစ်ဝှမ်းတဝိုက် ကိုးကွယ်သည့်ဗုဒ္ဓဘာသာကို အတန်ပင် လွှမ်းမိုးခဲ့သည်။

အပြည့်အစုံ ဖတ်ရန်

မြန်မာတို့သည် ခေတ်ကာလများကို အဘယ်ကြောင့် သက္က ဟုခေါ်ကြသနည်း

မြန်မာတို့သည် ခေတ်နှစ်များကို သက္ကရာဇ်ဟု သုံးနှုန်းကြ၏။ ထိုစကားလုံးသည် အိန္ဒိယစကား “သက္ကရာဇ - Saka-raj” မှ လာသည်။ “သက္ကရာဇ - Saka-raj” ဟူသည် “သက္ကမင်း၊ သက္ကဘုရင်” ဟု အဓိပ္ဗါယ်ရသည်။ သက္ကလူမျိုးများ သို့မဟုတ် အင်ဒို-ဆစ်သီယန်း (Indo-Scythians) များသည် အာရှအလယ်ပိုင်းမှ လူမျိုးစု တစ်ခု ဖြစ်ပြီး လွန်ခဲ့သော နှစ်...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်ရောက် ရောမသားများလေလား?

အေဒီ ၁၂၁ တွင် သံအဖွဲ့တစ်ဖွဲ့သည် ယနေ့ မြန်မာနိုင်ငံ တည်ရာဒေသကို ဖြတ်သန်းကာ ဟန် (Han) တရုတ်အင်ပါယာသို့ ဝင်ရောက်လာရာ ထိုစဉ်က မြို့တော်ဖြစ်သည့် လျို့ယန် (Luoyang) သို့ ခေါ်ဆောင်သွားခံရသည်။ မြန်မာမင်း တစ်ပါးပါးမှ စေလွှတ်သော သံအဖွဲ့ ဖြစ်နိုင်သော်လည်း ဝေးလံသည့် အနောက်အရပ်မှ လာသော သံအဖွဲ့လည်း ဖြစ်နိုင်ပါသည်။ သံအဖွဲ့နှင့်အတူ ရွဲကစားသူများနှင့်...

အပြည့်အစုံ ဖတ်ရန်